ဘိုလစ်ဗီးယား နှင့် ပါရာဂွေး (ကြာသပတေးနံနက် ၂း၃၀ နာရီ)
ဘိုလစ်ဗီးယားကွင်းမှာ ပါရာဂွေးအသင်း အမြဲရုန်းကန်ရတတ်တဲ့ အစဉ်အလာရှိပါတယ်။ အိမ်ရှင်အသင်း အမှတ်ရဖို့ များပါတယ်။
ကိုလံဘီယာ နှင့် အီကွေဒေါ (ကြာသပတေးနံနက် ၃း၃၀ နာရီ)
ကိုလံဘီယာအသင်းက ဥရုဂွေး၊ ဘရာဇီးလ်တို့နဲ့ ပွဲကျပ်တွေ တောက်လျှောက်ကစားထားရချိန်မှာ အီကွေဒေါကတော့ ဘိုလစ်ဗီးယား၊ ဗင်နီဇွဲလားတို့နဲ့သာ ကစားခဲ့ရလို့ ပွဲပန်းမှုဒဏ်တော့ ကွာခြားမှုရှိနိုင်တယ်။ အဝေးကွင်းဖြစ်ပေမဲ့ အီကွေဒေါ အမှတ်ရသွားနိုင်တယ်။
အာဂျင်တီးနား နှင့် ပီရူး (ကြာသပတေးနံနက် ၆းဝ၀ နာရီ)
ပီရူးအသင်းက ၁၉၉၇ ကိုပါအမေရိကပြိုင်ပွဲမှာ အာဂျင်တီးနားကို နောက်ဆုံးအနိုင်ကစားခဲ့ပြီး အဝေးကွင်းမှာတော့ သမိုင်းတစ်လျှောက် တစ်ကြိမ်မှ အနိုင်မရခဲ့ပါဘူး။ ပီရူးအသင်း ခြေစွမ်းပိုင်းကောင်းလာပေမဲ့ အာဂျင်တီးနားကိုပဲ ရွေးချယ်ထားချင်တယ်။
ချီလီ နှင့် ဗင်နီဇွဲလား (ကြာသပတေးနံနက် ၆း၃၀ နာရီ)
နှစ်သင်းစလုံးက အခြေအနေသိပ်မကောင်းပေမဲ့ ချီလီကွင်းမှာတော့ အိမ်ရှင်ကပဲ နောက်ပိုင်းမှာ သိသိသာသာ အသာစီးရထားတယ်။ ချီလီ အနိုင်သေချာပါတယ်။
ဘရာဇီးလ် နှင့် ဥရုဂွေး (ကြာသပတေးနံနက် ရးဝ၀ နာရီ)
ဘရာဇီးလ်တိုက်စစ်က အပြောင်းအလဲလုပ်သင့်ပြီဆိုတာ ပြီးခဲ့တဲ့ ဗင်နီဇွဲလားနဲ့ပွဲက သက်သေပြခဲ့တယ်။ နေမာ ပွဲပယ်ခံထားရချိန်မှာတောင် ဗင်နီစီယပ်စ်၊ ရာဖင်ညာတို့လို လူငယ်ကြယ်ပွင့်တွေ ရဲရဲဝံ့ဝံ့အသုံးမပြုရဲတာက နည်းပြ ထိထီရဲ့အပြောင်း အလဲလုပ်လိုမှုနည်းတဲ့ ပင်ကိုဟန်လို့တောင် ပြောလို့ရတယ်။ ဒါပေမဲ့ အခြေအနေအရတော့ ထိထီအနေနဲ့ တစ်စုံတစ်ရာ ပြောင်းလဲမှဖြစ်တော့မယ့်အနေအထားဆီကိုသွားဖို့ ဖိအားပေးနေတယ်။ ထိထီကလည်း အခုလခြေစစ်ပွဲတွေအတွက် လူစာရင်းရွေး ချယ်ရာမှာ ဒီအခြေအနေကို တွက်ဆထားပြီးဖြစ်ပေမဲ့ တကယ်တမ်းမှာတော့ သူ့ရဲ့မူအတိုင်း သိသိသာသာအပြောင်းအလဲ မလုပ်ခဲ့ဘူး။ ဥရုဂွေးကတော့ ၀ါရင့်တိုက်စစ်မှူးတွေဖြစ်တဲ့ ဆွာရက်ဇ်နဲ့ ကာဗာနီအတွဲကို ပွဲထုတ်ဖို့များတယ်။ ဒါပေမဲ့ ဥရောပထိပ်တန်းလိဂ်တွေမှာ ကစားနေသူအများအပြားပါဝင်တဲ့ ဥရုဂွေးကွင်းလယ်က ဖန်တီးနိုင်စွမ်းနည်းပါးတာ အဓိကပြဿနာလိုဖြစ်နေတယ်။ ဘရာဇီးလ်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ အိမ်ကွင်းနိုင်ပွဲဆက်စံချိန်ကို ဆက်ထိန်းဖို့အတွက် အနိုင်ကစားမှာ သေချာပါတယ်။