နယူးကာဆယ်အသင်းအား ဆော်ဒီစော်ဘွားများထံ ပေါင်(၃၀၅)သန်းဖြင့် ရောင်းချခဲ့သော အသင်းပိုင်ရှင်ဟောင်း မိုက်အက်ရှ်လေသည် ယင်းငွေများဖြင့် အသင်းသစ်တစ်သင်းဝယ်ယူရန် စီစဉ်နေကြောင်း သိရသည်။
မိုက်အက်ရှ်လေသည် လိဂ်ချန်ပီယံရှစ်တွင် ဘဏ္ဍာရေးအခက်အခဲများကို ကြုံတွေ့နေရသည့် ဒါဘီအသင်းအားဝယ်ယူရန် ပစ်မှတ်ထားနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဒါဘီအသင်း၏ကွင်းသည် မိုက်အက်ရှ်လေပိုင်ဆိုင်သော Sport Direct ကုမ္ပဏီ၏ ရုံးချုပ်နှင့် မိုင်(၃၀)ခန့်သာဝေးကွာသော နေရာတွင်ရှိပြီး ၎င်းအနေဖြင့် ဘောလုံးလောကမှ ထွက်ခွာရန် မစဉ်းစားသေးကြောင်း ဗြိတိန်သတင်းစာ Daily Mail
က ဖော်ပြခဲ့သည်။
ဒါဘီအသင်းသည် ပြီးခဲ့သည့်လအတွင်းက ဘဏ္ဍာရေးစီမံခန့်ခွဲ မှုအဖွဲ့လက်ထဲသို့ အသင်းအား ထိုးအပ်ခဲ့ရပြီး ရမှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခံထားရသည့် အသင်းတစ်သင်းဖြစ်သည်။
သို့ဖြစ်ရာ အသင်းငယ်တစ်သင်းသင်း ပြန်လည်ဝယ်ယူရန် စီစဉ်နေသော မိုက်အက်ရှ်လေက အသင်းပိုင်ရှင်သစ် ရှာဖွေနေသော ဒါဘီအသင်းကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရှိရသည်။
အသက် (၅၇)နှစ်ရှိ မိုက်အက်ရှ်လေသည် နယူးကာဆယ်အသင်းကို ၂၀၁၇ ခုနှစ်မှစတင်ပြီး (၁၄)နှစ်ကြာ ပိုင်ဆိုင်ခဲ့သည်။