spot_img

နယူးကာဆယ်အသင်းအား ဆော်ဒီကုမ္ပဏီက ဝယ်ယူခြင်းကို ကျန်ကလပ် ၁၉ သင်းက ကန့်ကွက်ထားပြီး အရေးပေါ်အစည်းအဝေးပြုလုပ်ရန် တောင်းဆို

နယူးကာဆယ်အသင်းအား ဆော်ဒီကုမ္ပဏီက ဝယ်ယူခြင်းကို ကျန်ပရီးမီးယားလိဂ်ကလပ် ၁၉ သင်းက ကန့်ကွက်ထားပြီး ယခုရက်သတ္တပတ်အတွင်း အရေးပေါ်အစည်းအဝေးပြုလုပ်ရန် တောင်းဆိုထားကြောင်း သိရသည်။

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဆော်ဒီပြည်သူ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (PIF) ကုမ္ပဏီက နယူးကာဆယ်အသင်း၏ရှယ်ယာ ရာခိုင်နှုန်း ၈၀ ကို ပေါင် ၃၀၅ သန်းဖြင့် ဝယ်ယူရန် ကြာသပတေးနေ့တွင် အပြီးသတ် သဘောတူညီမှုရရှိခဲ့သည်။

myan789

PIF ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ် မတ်လကတည်းက နယူးကာဆယ်အသင်းအား ဝယ်ယူရန် ကြိုးပမ်းခဲ့သော်လည်း နိုင်ငံရေးနှင့် ဘောလုံးအသိုင်းအဝိုင်း၏ဝေဖန်ကန့်ကွက်မှုများကြောင့် လေးလအကြာတွင် ဝယ်ယူမည့်အစီအစဉ်ကို လက်လျှော့ခဲ့ရသည်။

သို့သော် ၎င်းတို့အနေဖြင့် နယူးကာဆယ်အသင်းကို ဝယ်ယူရန် နီးစပ်နေပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် သတင်းများ ရုတ်တရက်ပြန်လည်ထွက်ပေါ်လာပြီးနောက် တစ်ရက်အကြာမှာပင် ပရီးမီးယားလိဂ်ထံမှ ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကျန်ကလပ် ၁၉ သင်းက ပရီးမီးယားလိဂ်၏ ဆုံးဖြတ်ချက်အပေါ် ဒေါသထွက်နေကြပြီး အသင်းပိုင်ရှင်နှင့် ဒါရိုက်တာများအတွက် စစ်ဆေးမှုကို မည်သို့ကျော်ဖြတ်ခဲ့ပုံကို မေးခွန်းထုတ်ခဲ့သလို ၎င်းတို့ဝယ်ယူမှုနှင့်ပတ်သက်၍ မည်သည့်သတင်းအချက်အလက်မျှ မရခဲ့ခြင်းအတွက်လည်း စိုးရိမ်မှုများရှိနေသည်။

PIFကုမ္ပဏီက နယူး ကာဆယ်အသင်းအား ဝယ်ယူမှုမှာ အပြီးသတ်သွားပြီဖြစ်သောကြောင့် အပြောင်းအလဲဖြစ်မည်မဟုတ်သော် လည်း ကလပ် ၁၉ သင်းက အရေးပေါ်အစည်းအဝေးကို ယခုရက်သတ္တပတ်အတွင်းပြုလုပ်ရန် တောင်းဆိုထားကြောင်း သိရသည်။

ဆော်ဒီနိုင်ငံအနေဖြင့် လူ့အခွင့်အရေးချိုး ဖောက်မှုများစွာ ပြုလုပ်နေကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်လျက်ရှိသလို ၂၀၁၈ ခုနှစ်က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးသို့ ဝင်ရောက်သွားပြီးနောက် ပျောက်ဆုံးသွားသည့် သတင်းထောက် ခါရှိုဂီ သေဆုံးမှုအတွက် ဘင်ဆယ်လ်မန်မှာ အဓိကတာဝန်ရှိသူဖြစ်ကြောင်း စွပ်စွဲမှုများ ရှိနေသည်။

သို့သော် ပရီးမီးယားလိဂ်ကမူ နယူးကာဆယ်အသင်းအား ဆော်ဒီအစိုးရက ထိန်းချုပ်မှုမရှိစေရန် ခိုင်လုံသည့် အာမခံချက်ရရှိထားပြီး အကယ်၍ ချိုးဖောက်ကြောင်း စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နယူးကာဆယ်အသင်း ဒါရိုက်တာဖြစ်သူ အာမန်ဒါစတေ့ဗ်လေကလည်း ယခုဝယ်ယူမှုမှာ PIF က ဝယ်ယူခြင်းသာဖြစ်ပြီး ဆော်ဒီအစိုးရက ဝယ်ယူခြင်းမဟုတ်ကြောင်း၊ PIF ၏ ရင်းနှီးမြှုပ်နှံမှုမှာ နိုင်ငံရေးအစွန်းအထင်းကို အားကစားဖြင့် လျှော်ဖွပ်ခြင်း မဟုတ်ကြောင်း ငြင်းဆန်ထားပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ရေးမှာ ကာလရှည်ရည်မှန်းထားသည့် မျှော်မှန်းချက်ဖြစ်ကြောင်း ပြောကြားသည်။

”နယူးကာဆယ်ယူနိုက်တက်က ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအဆင့်မှာရှိနေဖို့ ထိုက်တန်ပါတယ်။ အဲဒီနေရာကို ကျွန်မတို့ ရောက်ချင်ပါတယ်။ အချိန်တော့ ယူရမှာပေါ့။ ဒါပေမဲ့ အဲဒီနေရာကို ကျွန်မတို့ ရောက်မှာပါ။ ပရီးမီးယားလိဂ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခွင့်ရတာ ဂုဏ်ယူပါတယ်။ ဒါက မယုံနိုင်လောက်အောင် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်ဖြစ်ပြီး အဲဒီအချက်ကို ကျွန်မတို့ သဘောကျပါတယ်။ ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံးဖြစ်သလို နယူးကာဆယ်ယူနိုက်တက်ကလည်း ကမ္ဘာ့အကောင်းဆုံးအသင်းပါ။ ဆု ဖလားတွေရတာကို ကျွန်မတို့မြင်ချင်ပါတယ်။ ပရီးမီးယားလိဂ်နဲ့ ဥရောပမှာ ထိပ်တန်းအဆင့်ရောက်ချင်ပါတယ်။ ဒါပေမဲ့ ဆုဖလားတွေရဖို့ကတော့ စိတ်ရှည်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အချိန်လိုအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular