ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါက ဘိုင်ယန်မြူးနစ်အသင်း၏ စိတ်ဝင်စားခြင်းကို ခံရသည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ ဂျာမန်နောက်ခံလူ ရူဒီဂါသည် ယခုရာသီကုန်တွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ချယ်လ်ဆီးအသင်းက ၎င်းင်းကို စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း သိရသည်။
သို့သော် ရူဒီဂါကို လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ခေါ်ယူရန် ဘွန်ဒစ်လီဂါနှင့် စပိန်ကလပ်အသင်းကြီးများဖြစ်သည့် ဘိုင်ယန်မြူးနစ်နှင့် ရီးယဲလ်မက်ဒရစ်အသင်းတိုက့ စောင့်ကြည့်နေကြောင်းလည်း သိရသည်။
ရူဒီဂါက “ဘိုင်ယန်မြူးနစ်အသင်းက ကျွန်တော့်ကို စိတ်ဝင်စားတယ်ဆိုလို့ ဂုဏ်ယူပါတယ်။ ဒါက ကျွန်တော် ခြေစွမ်းပြနေတယ်ဆိုတဲ့ သက်သေပါပဲ။ ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ ကျွန်တော့်အနေနဲ့ ချယ်လ်ဆီးမှာ ပျော်ရွှင်နေပြီး ပွဲတိုင်း ခြေစွမ်းပြနိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်” ဟုဆိုခဲ့သည်။