မန်ချက်စတာယူနိုက်တက်အသင်းသည် နည်းပြ ဆိုးလ်ရှား၏ ညာလက်ရုံးအဖြစ် ရပ်တည်နေသော လက်ထောက်နည်းပြ မိုက်ဖီလန်ကို ၂၀၂၄ ခုနှစ် အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက် ကြောင်း သိရသည်။
မိုက်ဖီလန်သည် ဖာဂူဆန်လက်ထက်ကတည်းက လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သော်လည်း ဒေးဗစ်မွိုက်စ်လက်ထက်တွင် လမ်းခွဲခဲ့ပြီး ဆိုးလ်ရှားလက်ထက်၌ အသင်းသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
၎င်း၏ လက်ရှိစာချုပ်မှာ လာမည့်နှစ်တွင် ကုန်ဆုံးမည်ဖြစ်၍ မန်ချက်စတာယူနိုက်တက်အသင်းက သက်တမ်းတိုးခဲ့ခြင်းဖြစ်ပြီး ဆိုးလ်ရှားကို ထောက်ခံကြောင်း ပြသသည့်သဘော ဖြစ်သည်ဟုလည်း Daily Mail က သုံးသပ်ခဲ့သည်။
အသက် ၅၉ နှစ်ရှိ ဖီလန်သည် မန်ချက်စတာယူနိုက်တက် အသင်းတွင် ၂၀၀၀ ပြည့်နှစ်၌ အရန်အသင်း နည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။