spot_img

မနှစ်က ယူနိုက်တက်တို့ ဘာကြောင့် ဖလားမရခဲ့တာလဲ ၊ ဖလားရဖို့ ဘာလုပ်ရမလဲဆိုတာ ဝေဖန် ထောက်ပြလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ပရီးမီးယားလိဂ် ပွဲစဥ် 7 အဖြစ် အဲဗာတန် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် နဲ့ အတူ စိတ်ပျက်ဖွယ် အိမ်ကွင်း ပွဲစဥ် တစ်ပွဲ ပိုင်ဆိုင်သွားခဲ့ ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် အသင်းအတွက် တိုက်စစ်မှူး အန်သိုနီ မာရှယ် က ပထမပိုင်း ပြီးဆုံးခါနီးမှာ အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်း 65 မိနစ်မှာ အဲဗာတန် ဖက်က တောင်ဆန် ဂိုးပြန်သွင်းခဲ့တဲ့အတွက် သရေရလဒ်နဲ့သာ ကျေနပ်လိုက်ရတာပဲ ဖြစ်ပါတယ် ။

myan789

အဆိုပါ ပေးဂိုးကို ကြားဝင် ဟန့်တားနိုင်ရေး အတွက် ဖရက်ဒ် ၊ ဘစ်ဆာကာ ၊ လုခ်ရှော ၊ လင်ဒီလော့ဖ် နဲ့ ဒီဂီယာ တို့ဆီမှာ အခွင့်အလမ်းတွေ ရှိခဲ့ပေမဲ့ ပျက်ကွက်ခဲ့ကြတဲ့အတွက် ဂိုးပေးလိုက်ရပါတယ် ။ ဒါ့အပြင် ပွဲချိန် 85 မိနစ်မှာ အဲဗာတန်တို့ ဂိုးရပြီး လူကျွံခဲ့တဲ့အတွက် ယူနိုက်တက်တို့ သရေ တစ်မှတ် ရနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက်တို့ဟာ ဒီရာသီ အိမ်ကွင်းမှာ ပရီးမီးယားလိဂ် ပွဲစဥ် 4 ပွဲအထိ ကစားထားခဲ့ပြီး 2 ပွဲနိုင် ၊ 1 ပွဲ သရေ ၊ 1 ပွဲရှုံး ရလဒ် ထွက်ပေါ်သွားခဲ့ပါပြီ ။ အဆိုပါ 4 ပွဲမှာ ယူနိုက်တက်တို့ 10 ဂိုး သွင်းယူနိုင်ခဲ့ပေမဲ့ 4 ဂိုးပေးပြီး ရမှတ် 5 မှတ် ဆုံးရှုံးထားခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က အသင်းဟောင်းဟာ အိမ်ကွင်း ရလဒ် ညံ့နေခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ ရာသီက ဖလားမရခဲ့တာဖြစ်ကြောင်း ၊ ဆုဖလား အောင်မြင််မှု ရယူလိုပါက ဒီပြသနာကို ​မဖြစ်မနေ ဖြေရှင်းရလိမ့်မယ်လို့ ထင်မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်တို့ ဖလားလက်မဲ့ ဖြစ်ခဲ့ရာမှာ ဒါဟာ အရေးပါတဲ့ အဓိက အကြောင်းအရင်း ဖြစ်ခဲ့ရပါတယ် ။ သူတို့တွေဟာ အိမ်ကွင်းမှာ လုံလောက်တဲ့ နိုင်ပွဲတွေကို မရယူနိုင်ခဲ့ကြပါဘူး “

” ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက် အသင်းရဲ့ အဝေးကွင်း မှတ်တမ်းဟာ အံ့ချီးဖွယ် ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ အိုးလ် ထရပ်ဖို့ဒ် မှာတော့ သူတို့တွေဟာ ရမှတ်တွေ ဆက်တိုက်ပဲ ဆုံးရှုံးသွားခဲ့ကြပါတယ် ။ ဒီနေ့တော့ ပြီးခဲ့တဲ့ ရာသီတုန်းကနဲ့ တူညီတဲ့ ပွဲစဥ်မျိုး ပိုင်ဆိုင်ခဲ့ရပြန်ပါတယ် “

” ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ ရာသီက ရလဒ်ဆိုးတွေ ၊ အမှတ် လျော့နည်းခဲ့ရတဲ့ စိတ်ဓါတ် ခံယူချက်တွေကို ပြန်ကြည့်ပြီး သင်ခန်းစာယူရပါ့မယ် ။ အမှန်မှာတော့ ဒီနေရာဟာ ကစားသမား အင်အား လျော့နည်း နေခဲ့တဲ့ အဲဗာတန် အသင်း အတွက် ခံတပ်ကြီး တစ်ခုလို ဖြစ်ခဲ့သင့်ပါတယ် “

” ယူနိုက်တက် အနေနဲ့ ဒီလိုပွဲမျိုးကို အိမ်ကွင်းမှာ အသာလေး အနိုင်ယူလိုက်ဖို့ပဲ လိုအပ်ခဲ့တာပါ ။ ဒါပေမဲ့ သူတို့ မလုပ်ပြနိုင်ခဲ့ကြပါဘူး ” လို့ ဖာဒီနန် က အသင်းဟောင်းရဲ့ အဓိက ပြသနာ ဖြစ်တဲ့ အိမ်ကွင်း ရလဒ် ဆိုးရွားမှုကို ပြင်ဆင်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း သတိပေး သွားခဲ့လိုက််ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular