spot_img

ချဲဆီး ကစားသမား ဘ၀ အနာဂတ် နဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်မှုတွေ လုပ်ဆောင်တော့ တီမို ဗာနာ

တီမို ဗာနာ ဟာ သောမတ် တူချယ် ရဲ့ အသင်းမှာ ပုံမှန် ကစားခွင့် တနေရာ ပြန်လည် ရရှိခြင်း မရှိတော့ပါက ချဲဆီး ကစားသမား ဘ၀ အနာဂတ် အနေအထားတွေ နဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်မှုတွေ လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ယူဗင်တပ် ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ၊ နည်းပြ တူချယ်ဟာ လူစားလဲမှု 5 ဦး အကုန်ထိ လုပ်ဆောင်ခဲ့သည့်တိုင်အောင် ဗာနာ ကို အသုံးမပြုပဲ ချန်ထားခဲ့တာကြောင့် သူ့ရဲ့ ကစားခွင့် နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ကြီးမားလာနေတာ ဖြစ်ပါတယ်။

myan789

ကွင်းထဲက အနေအထားတွေမှာ 1-0 နဲ့ ရှုံးနိမ့်နေခဲ့သော်လည်း ၊ တူချယ် ကတော့ တိုက်စစ်မှုး ဖြစ်တဲ့ ဗာနာ ကို ထည့်သွင်း ကစားစေခြင်း မရှိပဲ လော့ဖ်တပ်ချိခ် ၊ ဘာကလေ ၊ ချာလိုဘာ့ ၊ အိုဒွိုင် နဲ့ ဘန်ချိဝဲ တို့ကို လူစားလဲ အသုံးပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလ အတွင်းမှာ ချဲဆီးဟာ တိုက်စစ်မှုးဟောင်း လူကာကူ ကို ပေါင် 98 သန်း အထိ ပေးပြီး ခေါ်ယူမှုတွေ လုပ်ဆောင်ခဲ့သည့်တိုင်အောင် ၊ ဗာနာ ကတော့ အသင်းမှာပဲ ဆက်နေပြီး ပုံမှန် ပွဲထွက်ကစားခွင့် တနေရာအတွက် ဆက်လက် တိုက်ပွဲဝင်သွားဖို့ ပြင်ဆင်ထားခဲ့ ပါတယ်။

သို့သော်လဲ ဒီရာသီမှာ 2 ပွဲသာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခွင့် ရရှိသေးတာပါ။ တပွဲက ပရီးမီးယားလိဂ် ပွဲစဉ် မန်စီးတီး နဲ့ ကစားတဲ့ ပွဲမှာ ဖြစ်ပြီး ၊ အခြား တပွဲကတော့ ကာရာဘောင် တတိယ အဆင့်ပွဲစဉ် အက်စ်တွန် ဗီလာ နဲ့ ပွဲမှာ ကစားခွင့် ရခဲ့သလို ၊ ကိုယ်တိုင်လဲ ဂိုးသွင်းယူ ပြနိုင်ခဲ့ ပါတယ်။

ဒါကြောင့် လက်ရှိ ဘောလုံးရာသီ အတွက် အရံထိုင်ခုံမှာပဲ အချိန်ပေါင်း များစွာ ဖြတ်သန်းရဖို့ အလားအလာတွေ မြင်နေတာကြောင့် အနာဂတ် နဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်မှုတွေ လုပ်ဆောင်ဖို့ အားထုတ်လာခဲ့တာ ဖြစ်ပါတယ်။

သို့သော် သူ့ရဲ့ လစာ ပမာဏ ဟာ တပတ် အတွက် ပေါင် 200000 ကျော် အထိ ကို ရှိနေတာပါ။ ဒါကြောင့် အဲဒီ လစာမျိုး ပေးနိုင်တဲ့ ဥရောပ ထိပ်သီး ကလပ်တွေက များများစားစား မရှိနိုင်ပါဘူး။

ပီအက်စ်ဂျီ ဟာ အမ် ဘာပေ ကို ရီးရဲ မက်ဒရစ် အသင်းထံ လက်လွှတ် ဆုံးရှုံးရဖို့ များနေတာကြောင့် သူ့ရဲ့ နေရာကို အစားထိုးဖို့ အတွက် တိုက်စစ် ကစားသမား တဦး ရှာဖွေလာဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ဘိုင်ယန် မြူးနစ် ကလဲ အသက်အရွယ် ရလာတဲ့ လီဝန်ဒေါ့စကီး ရဲ့ နေရာ ကို အစားထိုးဖို့ အတွက် ဈေးကွက် အတွက် ဝင်ရောက်လာဦးမှာပါ။

ဘိုင်ယန် ဟာ ဒေါ့မွန် တိုက်စစ်မှုး ဟာလန်း ကို မျက်စိကျနေသလို ၊ ရီးရဲ မက်ဒရစ် ကလဲ အမ်ဘာပေ ကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိပါက ဟာလန်း ဘက်ကို မြှားဦးတည်လာဖွယ် ရှိနေပါတယ်။

ဒါကြောင့်လဲ ဂျာမန် သတင်းတချို့ က ဗာနာ ကို ခေါ်ယူဖို့ အတွက် ဒေါ့မွန်က မျက်စိကျနေတဲ့ အကြောင်းတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဖော်ပြလာခဲ့ပါတယ်။

တဖက်က ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်စီးတီး ၊ ယူနိုက်တက် တို့ကလဲ ဟာလန်း ရဲ့ အနေထားကို စောင့်ကြည့်နေကြပြီး ၊ စာချုပ်ဖျက်သိမ်းခွင့် လျော်ကြေး အတိုင်းသာ ခေါ်ယူခွင့် ရရှိမယ် ဆိုရင် အပြိုင်အဆိုင် ကြိုးစားမှုတွေ မြင်တွေ့ရဖွယ် ရှိနေပါတယ်။

လက်ရှိ ဘိုင်ယန် မြူးနစ် နည်းပြ နာဂယ်စ်မန် ဟာ ဗာနာ နဲ့ အတူ လိုက်ပ်ဇစ် မှာ လက်တွဲခဲ့ဖူးသူတွေ ဖြစ်တာကြောင့် ၊ တပည့်ကျော်ဟောင်းကို ဘိုင်ယန်ဆီ ပြန်လည် ခေါ်ဆောင်မလား ဆိုတာလဲ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ဗာနာ ဟာ အခုမှ အသက် 25 နှစ် အရွယ်သာ ရှိသေးတဲ့ တိုက်စစ်မှုး တစ်ယောက် ဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular