spot_img

ပင်နယ်တီမကန်မီ ဗီလာကစားသမားတွေရဲ့ လုပ်ဆောင််ချက်ကို ဝေဖန်လိုက်ပြီး ရှေ့ဆက် ပင်နယ်တီကို ဘယ်သူကန်မလဲဆိုတဲ့ မေးခွန်း ဖြေပေးလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ပရီးမီးယားလိဂ် ပွဲစဥ် 6 အဖြစ် အက်စတွန် ဗီလာ အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 0 – 1 ဆိုတဲ့ ရလဒ် နဲ့ အတူ အိမ်ကွင်းမှာ ဒီရာသီရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ရှုံးပွဲ တစ်ပွဲကို ကြုံတွေ့ သွားခဲ့လိုက်ရ ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်တို့ဟာ ပွဲချိန် 88 မိနစ်မှာ ပြိုင်ဖက် အသင်းကို ဦးဆောင်ဂိုး ပေးခဲ့ပြီး နာကျင်ချိန်ပို မိနစ်မှာတော့ ခြေပဂိုး သွင်းနိုင်မယ့် ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ဟာ အဆိုပါပင်နယ်တီကို ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့ပါဘူး ။

myan789

ဒီအတွက် ပင်နယ်တီ မကန်သွင်းမီမှာ အက်စတွန် ဗီလာ ကစားသမားတွေရဲ့ လုပ်ဆောင်ချက် တစ်ခုက အရေးပါတဲ့ အခန်း ကဏ္ဍ တစ်ရပ်မှာ ပါဝင်သွားခဲ့ ပါတယ် ။ ဘရူနို ပင်နယ်တီ မကန်မီ အက်စတွန် ဗီလာ ဂိုးသမား ဖြစ်သူ အီမီလီယာနို မာတီနက် က ရော်နယ်ဒိုကို လက်ညှိုးတွေ ထိုးပြီး ‘ သူ ပင်နယ်တီ ကန်သင့်တယ် ‘ ဆိုပြီး အကြိမ်ကြိမ်် ပြောဆိုခဲ့ပါသေးတယ် ။

ဒါဟာ ပင်နယ်တီ ကန်သွင်းဖို့ ပြင်ဆင်နေတဲ့ ဘရူနို ဖာနန်ဒက်စ် အတွက်တော့ စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရပြီး ကန်သွင်းရာမှာ မိုးပေါ်ထောင်သွားခဲ့ရ ပါတယ် ။ အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ပြိုင်ဖက် ကစားသမားတွေရဲ့ အခုလို mind game ဆင်မှုတွေကို မနှစ်သက်ကြောင်း ဝေဖန် သွားခဲ့လိုက်ပြီး ဘရူနို ဖက်မှ ကာကွယ် သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော် ဒါကို ပျော်ရွှင် ခံစားနိုင်ခြင်း မရှိခဲ့ပါဘူး ။ ကျွန်တော် ဒါကို မနှစ်သက်ခဲ့ပါဘူး ။ သူတို့ ကွင်းလယ်ဒိုင်ကို ဝိုင်းခဲ့ကြပုံ ၊ ပင်နယ်တီ ကန်ရေးမှာ နှောက်ယှက်ခဲ့ပုံတွေနဲ့ သူ့အပေါ် သက်ရောက်မှု ကြီးမားခဲ့ပုံတွေပေါ့ဗျာ ။ ဒါက သူ့တို့အတွက် တကယ်ပဲ အလုပ်ဖြစ်ခဲ့ပေမဲ့ ဘယ််လိုမှ ကြည့်မကောင်းခဲ့ရပါဘူး ”

” ဒါပေမဲ့ သူတို့ လိုအပ်တာ ရသွားခဲ့ကြပြီး လိုချင်တဲ့ ပစ််မှတ်ကို နှောက်ယှက်နိုင်ခဲ့ကြပါတယ် ။ ဘရူနိုဟာ ပင်နယ်တီ ကန်သွင်းတာ တကယ့်ကို ကောင်းမွန်လှတယ် ဆိုတာ ခင်ဗျားတို့ အားလုံး သိပြီးသားပါ ။ ဒီနေ့တော့ ခင်ဗျားတို့ သူ့ဖက်က ထောက်ခံ အားပေးကြလိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းမိ ပါတယ် ”

” ဒါဟာ ဘောလုံး အားကစားပါ ။ ဘရူနိုဟာ ဒီအဖြစ်အပျက််ကို အသင်းနဲ့ အတူ ပူးပေါင်း ကျော်လွှားပြသွားနိုင်မှာပါ ။ တခါတလေကျ ဒါမျိုးတွေက ခင်ဗျားတို့ ထင်မှတ််ထားကြသလို ဖြစ်မလာနိုင်ဘူးလေ ။ ဒါက ကောင်းကင််ဘုံ နဲ့ ငရဲ လိုပဲ ခြားနားချက် ကြီးမားလှပါတယ် ။ ကံမကောင်းစွာပဲ ဒီနေ့ သူ ပင်နယ်တီ လွဲခဲ့ပါတယ် ”

” ဒါက ခေါင်းကြီး သတင်း တစ်ခု ဖြစ်သွားမှာပါ ။ ရော်နယ်ဒို vs ဘရူနို ဖာနန်ဒက်စ် ပေါ့ဗျာ ။ ဟုတ်တယ်မလား ။ ဘရူနို အရမ်းပဲ ကောင်းသလို ရော်နယ်ဒို ကလည်း ကမ္ဘာ့ ဘောလုံး အားကစား လောကမှာ ပင်နယ်တီကနေ ဂိုးတွေ အများဆုံး သွင်းယူထားနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်တယ်လေ ”

” ကျွန်တော်တို့ အသင်းမှာ ပင်နယ်တီ ကန်သွင်းတာတွေ ​ကောင်းလွန်းတဲ့ ကစားသမား အချို့ကို ပိုင်ဆိုင်ထားခဲ့ကြပါတယ် ။ အခုတော့ ကျွန်တော်တို့ဟာ ရမှတ် တစ်မှတ်ကို ရရှိနိုင်မယ့် ပင်နယ်တီကို လွဲချော် သွားခဲ့ကြရပါတယ် ” လို့ ဆိုးလ်ရှား က ​ပြောကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular