လီဗာပူးလ်အသင်း၏ စပိန်ကွင်းလယ်ကစားသမား သီယာဂိုသည် ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ရက်အနည်းငယ် အနားယူရမည်ဖြစ်ကြောင်း သိရသည်။
သီယာဂိုသည် ပဲလေ့စ်နှင့်ပွဲတွင် အဆိုပါဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး (၆၂)မိနစ်၌ လူစားလဲခံခဲ့ရသလို လာမည့် လိဂ်ဖလားပွဲနှင့် ပရီးမီးယားလိဂ်ပွဲတို့ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်အသင်း၏ လက်ထောက်နည်းပြ လင်ဒါစ်က ”ဘယ်လောက်နားရမလဲဆိုတာ မပြောနိုင်သေးပါဘူး။ သေချာတာက လာမယ့် လိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ပွဲကို လွဲချော်မှာပါ။ ကျွန်တော်တို့ တစ်ပတ်အတွင်းမှာ ကွင်းလယ်ကစားသမားကောင်းနှစ်ယောက်ကို ဆုံးရှုံးရတာ ဆိုးရွားတဲ့အခြေအနေပါပဲ”ဟု ပြောကြားခဲ့သည်။
နောဝစ်ချ်နှင့် ယှဉ်ပြိုင်ရမည့် လိဂ်ဖလားအဝေးကွင်းပွဲတွင် ဖေမီနိုနှင့် အာနိုးလ်တို့လည်း ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။