ချယ်လ်ဆီးအသင်းသည် အမေရိကန်လက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲ သွားရောက်ယှဉ်ပြိုင်သည့် တိုက်စစ်ကစားသမား ပူလီဆစ်ကို သီးသန့်လေယာဉ်ဖြင့် သွားရောက်ခေါ်ယူခဲ့ကြောင်း သိရသည်။
အမေရိကန်အသင်းသည် နောက်ဆုံးပွဲစဉ်ကို ဟွန်ဒူးရပ်စ်နိုင်ငံတွင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းက ဟွန်ဒူးရပ်စ်အထိ လေယာဉ်စေလွှတ်ကာ ပူလီဆစ်ကို ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပူလီဆစ်အနေဖြင့် အသင်းနှင့်အမြန်ဆုံးပြန်လည်ပူးပေါင်းနိုင်ရန် ချယ်လ်ဆီးအသင်းက ယခုကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
အသက် (၂၂)နှစ်အရွယ်ရှိ ပူလီဆစ်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် (၁)ပွဲကစားရာတွင် (၁)ဂိုး သွင်းယူထားသည်။
ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၄)အဖြစ် စက်တင်ဘာ (၁၁)ရက်(စနေနေ့)တွင် အက်စတွန်ဗီလာအသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။