spot_img

ဒီဘားလားကို စာချုပ်သစ်ချုပ်ဆိုရန်အတွက် ယခုတစ်ပတ်အတွင်း အေးဂျင့်ဖြစ်သူနှင့် တွေ့ဆုံဆွေးနွေးရန် ဂျူဗင်တပ်စ်အသင်း စီစဉ်နေ

ဂျူဗင်တပ်စ်အသင်းသည် အသင်းတိုက်စစ်ကစားသမား ဒီဘားလားကို စာချုပ်သစ်ချုပ်ဆိုရန်အတွက် ယခုတစ်ပတ်အတွင်း ကစားသမား၏အေးဂျင့်ဖြစ်သူနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေကြောင်း အီတလီအားကစားမီဒီယာများက ဖော်ပြခဲ့ကြသည်။

ဂျူဗင်တပ်စ်အသင်းသည် အသင်း၏အဓိကတိုက်စစ်မှူးဖြစ်သူ စီရော်နယ်လ်ဒိုအား ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် မန်ယူအသင်းထံ ရောင်းချပြီးနောက် အခြားနာမည်ကျော်တိုက်စစ်ကစားသမားတစ်ဦးဖြစ်သည့် ဒီဘားလားကို စာချုပ်သစ်ချုပ်ဆိုရန် အလိုရှိနေခြင်းဖြစ်သည်။

myan789

အသက် (၂၇)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလားနှင့် ဂျူဗင်တပ်စ်အသင်းတို့ ချုပ်ဆိုထားသည့် လက်ရှိစာချုပ်မှာ ၂၀၂၂ ဇွန်လ (၃၀)ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ဒီဘားလားအား စာချုပ်သစ်ချုပ်ဆိုရန် ပြီးခဲ့သည့်ရာသီကတည်းက ကြိုးစားနေပြီး ကစားသမား၏အေးဂျင့်ဖြစ်သူနှင့် (၃)ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပြီဖြစ်သော်လည်း သဘောတူညီမှုမရသေးကြောင်း သိရှိရသည်။

လက်ရှိတွင် စီရော်နယ်လ်ဒိုကို ရောင်းချခဲ့ခြင်းကြောင့် ဒီဘားလားမှာ အသင်း၏တိုက်စစ်ကို အဓိကဦးဆောင်မည့်သူဖြစ်လာခဲ့ရာ ဂျူဗင်တပ်စ်အသင်းသည် ၎င်းကို စာချုပ်သစ်ချုပ်ဆိုရန် အသည်းအသန်ကြိုးပမ်းလာခြင်းဖြစ်သည်။

La Gazzetta dello Sport ၏ ဖော်ပြမှုအရ ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူများသည် ယခုတစ်ပတ်အတွင်း ဒီဘားလား၏အေးဂျင့်ဖြစ်သူ ဂျော့ချ်အန်တန်နှင့် တွေ့ဆုံဆွေးနွေးရန်စီစဉ်နေပြီး စာချုပ်သစ်အတွက် သဘောတူညီမှုရရန် မျှော်လင့်နေကြောင်း သိရှိရသည်။

ထို့ပြင် လက်ရှိဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီမှာလည်း ဒီဘားလားနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်ခြင်းကြောင့် ဒီဘားလားအနေဖြင့် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိနေကြောင်း အီတလီမီဒီယာများက သုံးသပ်ခဲ့ကြသည်။

ဒီဘားလားသည် ၂၀၁၅ နွေရာသီအပြောင်းအရွှေ့ကာလတွင် ပါလာမိုအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ယူရို (၃၂)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

၎င်းသည် ဂျူဗင်တပ်စ်အသင်းတွင် (၆)ရာသီကျော်ကာလအတွင်း အဓိက ကစားသမားအဖြစ် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၂၅၆) ပွဲတွင် (၁၀၁)ဂိုး သွင်းယူထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular