မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2019 ခုနှစ် နွေအပြောင်းအရွှေ့တုန်းက ဆွမ်ဆီး အသင်းမှ ဝေးလ် လက််ရွေးစင် တောင်ပံတိုက်စစ် ကစားသမားဖြစ်သူ ဒန်နီယယ် ဂျိမ်းစ်ကို ပေါင် 15 သန်း + အပိုဆုကြေး နဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။
ဒါပေမဲ့ နှစ်နှစ် အကြာမှာတော့ ယူနိုက်တက်တို့ဟာ 23 နှစ် အရွယ် ဝေးလ် လက်ရွေးစင် ကစားသမားဖြစ်သူကို ပေါင် 25 သန်း + အပိုဆုကြေး တစ်ရပ် နဲ့ ပရီးမီးယားလိဂ် ပြိုင်ဖက် အသင်း ဖြစ်တဲ့ လိဒ်စ် ယူနိုက်တက် အသင်းဆီ ရောင်းထုတ် သွားခဲ့လိုက််ပါပြီ ။
တကယ်တော့ လိဒ်စ် ယူနိုက်တက် အသင်းဟာ ဒန်နီယယ်် ဂျိမ်းစ် မန်ချက်စတာ ယူနိုက်တက်ဆီ မပြောင်းရွှေ့မီ 2019 ဇန်နဝါရီ အပြောင်းအရွှေ့ ကတည်းက စိတ်ဝင်စား ခဲ့တာ ဖြစ်ပြီး ဆွမ်ဆီးအသင်းမှ ခေါ်ယူဖို့ ချိတ်ဆက်ခဲ့တဲ့ အသင်းပဲ ဖြစ်ပါတယ် ။
အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ တည််ငြိမ်တဲ့ ပုံစံကောင်းတွေ ၊ ပုံမှန် ပွဲထွက် ကစားခွင့်တွေ ပိုင််ဆိုင်ဖို့ ရုန်းကန်နေခဲ့ရတဲ့ ဒန်နီယယ် ဂျိမ်းစ် ကို နှစ်နှစ်ခန့် အကြာမှာပဲ လိဒ်စ် နည်းပြ မာဆယ်လို ဘီလ်ဆာ က အရ ခေါ်ယူ သွားနိုင်ခဲ့ပါပြီ ။
အခုတော့ ဒန်နီယယ် ဂျိမ်းစ်က သူဟာ မန်ချက်စတာမှာ အံ့ဖွယ် အခိုက်အတန့်တွေကို ပိုင်ဆိုင်ထားခဲ့ရကြောင်း ၊ မန်ချက်စတာ ယူနိုက်တက်ကနေ ပြိုင်ဖက် လိဒ်စ် ယူနိုက်တက် အသင်းဆီ ဘာကြောင့် ပြောင်းရွှေ့ ဖြစ်ခဲ့လဲ ဆိုတဲ့ အကြောင်းကို ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။
” ကျွန်တော့်အပေါ် အတွေး မမှားလိုက်ပါနဲ့ ။ ကျွန်တော်ဟာ မန်ချက်စတာမှာ မယုံကြည်နိုင်ဖွယ် ကောင်းလွန်းတဲ့ အခိုက်အတန့်တွေကို ပိုင်ဆိုင်ထားခဲ့ပါတယ် ။ ကျွန်တော်ဟာ သူငယ်ချင်းကောင်းတွေ ပိုင်ဆိုင်ခဲ့ရသလို ပရိသတ်တွေနဲ့လည်း နွေးထွေးတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ် ”
” ဒါပေမဲ့ အခုတော့ အသင်းပြောင်းသင့်ပြီလို့ ကျွန်တော် ခံစားခဲ့ရ ပါတယ် ။ မန်ချက်စတာကို ရောက်ရှိခဲ့တဲ့နောက် အခုတော့ ကျွန်တော်ဟာ ခြားနားတဲ့ ကစားသမား တစ်ဦး ဖြစ်သွားခဲ့ရပါပြီ ။ ကျွန်တော်ဟာ ဒီမှာရာသီဝက်လောက်ပဲ ကစားခဲ့ရပါတယ် ”
” ဒါပေမဲ့ ကျွန်တော်ဟာ ထိပ်တန်းအဆင့် တစ်ခုမှာတော့ ပွဲကစားခွင့်တွေ အများကြီး ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ကျွန််တော် ဒီမှာ (လိဒ်စ် ယူနိုက်တက် အသင်းမှာ) တစ်စုံတစ်ခု လုပ်ပြနိုင်လိမ့်မယ်လို့ တွေးတောမိပါတယ် ။ အခုလို အသင််း ပြောင်းရွှေ့ခွင့် ရရှိခဲ့တဲ့ခံစားချက်က ကောင်းမွန်လှပါတယ် ”
” အခုတော့ ကျွန်တော်ဟာ ရှေ့ဆက်နိုင်ခွင့် ရရှိခဲ့ပါပြီ ။ ဒါဟာ ကျွန်တော့် အတွက်တော့ ရူးသွပ်ဖွယ် အခိုက်အတန့် တစ်ခုပါပဲ ။ ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ကျွန်တော် ဒီကို ရောက်ရှိနေပါပြီ ။ ကျွန်တော့်အပေါ် စိတ်ဝင်စားပေးခဲ့တဲ့ ၊ ယုံကြည်ခဲ့တဲ့ ဒီအသင်းကို ကျေးဇူးတင်မိပါတယ် ”
” လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်က သူတို့တွေဟာ ကျွန်တော့်အပေါ် ယုံကြည်မှု ထားရှိကြောင်း သက်သေပြခဲ့ပြီးသားပါ ။ အခု ဒီကို ရောက်ရှိနေရတဲ့အတွက် ၊ ပရိသတ်တွေရဲ့ ရှေ့မှောက် ကစားခွင့်ရရှိနိုင်တော့မယ့်အတွက် ကျွန်တော် ဝမ်းမြောက်မိပါတယ် ”
” ကျွန်တော် ဆွမ်ဆီးမှာ ရှိထဲက သူတို့တွေ ကျွန်တော့်ကို စိတ်ဝင်စားခဲ့ကြတာပါ ။ ဒါ့ကြောင့် အခုလို အသင်းပြောင််းဖို့ လုပ်တဲ့အခါမျိုးမှာ အများကြီး မဆွေးနွေးခဲ့ရပါဘူး ။ အရာရာတိုင်း ခပ်မြန်မြန်လေး ဖြစ်ပွားသွားခဲ့ပါတယ် ။ ဒါက ကျွန်တော် ပြောင်းချင်ခဲ့တဲ့ အသင်းပဲလေ ”
” အခုတော့ အပြောင်းအရွှေ့က တကယ်ကြီး ဖြစ်လာခဲ့ရပြီ ဆိုပြီး ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပွဲမှာ ကျွန်တော်တို့ ဟာသတောင် လုပ်ဖြစ်ခဲ့ပါသေးတယ် ။ ကျွန်တော့်အတွက််တော့ အရင်က ကမ်းလမ်းခံရမှုဟာ မနေတနေ့ကလို ခံစားနေရဆဲပါပဲ ။ အရာရာတိုင်းက မြန်ဆန်ခဲ့ပါတယ် ”
” ဘီလ်ဆာ ဆိုတော့ တလောကလုံးက လေးစားသမှုရှိကြတဲ့ နည်းပြကောင်း တစ်ဦးပါ ။ ဒီအသင်းကို ပြောင်းဖို့ အဲ့တာက ကြီးမားတဲ့ အကြောင်းပြချက် တစ်ခု ဖြစ်ခဲ့ရပါတယ် ။ ကျွန်တော့် အနေနဲ့ အသင်းမှာ အံဝင်နိုင်ဖို့ အလုပ်တွေ အများကြီး လုပ်ရပါတော့မယ် ” လို့ ဂျိမ်းစ် က ပြောခဲ့လိုက် ပါတယ် ။