spot_img

ဘောလုံးလောကတွင် နောက်ဆုံး(၁၀)နှစ်အတွင်း အပြောင်းအရွှေ့အတွက် သုံးစွဲငွေ ဒေါ်လာ(၄၈.၅)ဘီလီယံရှိခဲ့သည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖော်ပြ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ဘောလုံးလောက၏ နောက်ဆုံး(၁၀)နှစ်တာ အပြောင်းအရွှေ့မှတ်တမ်းအစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ဘောလုံးလောက၌ အပြောင်းအရွှေ့အတွက် သုံးစွဲငွေ ဒေါ် လာ (၄၈.၅)ဘီလီယံရှိခဲ့ကြောင်း သိရသည်။

ဖီဖာသည် ကမ္ဘာတစ်လွှားမှ အပြောင်းအရွှေ့အချက်အလက်အားလုံးကို ရယူကာ ယခုအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ(၁၀)နှစ်တာအတွင်း အပြောင်းအရွှေ့အ တွက် ငွေကြေးသုံးစွဲမှုအများဆုံးကလပ်အသင်း(၃၀)စာရင်း၌ အင်္ဂလန်ကလပ်(၁၂)သင်း ပါဝင်ခဲ့ကြောင်း သိရသည်။ ယင်းအသင်းများမှာ မန်စီးတီး၊ ချယ်လ်ဆီး၊ မန်ယူ၊ အာဆင်နယ်၊ စပါး၊ လီဗာပူးလ်၊ လက်စတာ၊ ဆောက်သမ်တန်၊ ဝုလ်ဗ်၊ အဲဗာ တန်၊ ဝက်စ်ဟမ်းနှင့် နယူးကာဆယ်တို့ဖြစ်ပြီး မန်စီးတီးအ သင်းက ငွေကြေးအများဆုံးသုံးစွဲသည့်အသင်းအဖြစ် ဦး ဆောင်ခဲ့ကြောင်းလည်း သိရသည်။

myan789

အပြောင်းအရွှေ့အတွက် တစ်ကမ္ဘာလုံးမှ ကလပ်အသင်းများ၏ သုံးစွဲငွေ ဒေါ်လာ (၄၈.၅)ဘီလီယံရှိခဲ့သည့်အနက် ကလပ်အသင်း(၃၀)၏ သုံး စွဲမှုက ဒေါ်လာ(၂၂.၈)ဘီလီယံဖြင့် (၄၇%)အထိ ရှိခဲ့ကြောင်း လည်း သိရသည်။ အဆိုပါအသင်း(၃၀)စာရင်းတွင် အင်္ဂလန် ကလပ်(၁၂)သင်းနှင့်အတူ ပါဝင်ခဲ့သည့်အသင်းများမှာ စပိန် နှင့် အီတလီမှ (၅)သင်းစီ၊ ဂျာမနီမှ (၃)သင်း၊ ပြင်သစ်နှင့် ပေါ် တူဂီမှ (၂)သင်းစီနှင့် ရုရှားမှ (၁)သင်းဖြစ်ကြောင်းလည်း သိရသည်။

ဖီဖာက အင်္ဂလန်ကလပ်(၁၂)သင်းသည် စုစုပေါင်းသုံးစွဲ ငွေ၏ (၄)ပုံ(၁)ပုံကျော် သုံးစွဲခဲ့သလို၊ အပြောင်းအရွှေ့စျေး ကွက်၌ ဆုံးရှုံးမှုများစွာရှိခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။ ထို့ ပြင် (၁၀)နှစ်တာကာလအတွင်း၌ အေးဂျင့်များအတွက် ပေး ချေခဲ့ရသည့် ကော်မရှင်ကြေးစုစုပေါင်းမှာ ဒေါ်လာ(၃.၅)ဘီလီ ယံအထိ ရှိခဲ့ကြောင်းလည်း သိရသည်။

(၁၀)နှစ်အတွင်း၌ အ ပြောင်းအရွှေ့လှုပ်ရှားမှုပေါင်း(၁၃၃၂၂၅)ကြိမ်ရှိခဲ့ပြီး ဖီဖာအ ဖွဲ့ဝင်နိုင်ငံပေါင်း(၂၀၀)မှ ကလပ်အသင်း(၈၂၆၄)သင်းအကြား ကစားသမားပေါင်း(၆၆၇၈၉)ဦး၏ အပြောင်းအရွှေ့များ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘရာဇီးလ်ကစားသမားများက အ ပြောင်းအရွှေ့ကို ဦးဆောင်ခဲ့ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular