spot_img

မန်ချက်စတာမှာ ပျော်နေတယ်လို့ ဖွင့်ပြောလိုက်တဲ့ ပေါ့ဂ်ဘာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာဟာ အသင်းနဲ့ တစ်နှစ်သာ စာချုပ် သက်တမ်း ကျန်ရှိ နေတော့တဲ့အတွက် အသင်းဖက်မှ သူ့ကို ဒီနွေမှာ ရောင်းချလိမ့်မယ် ဆိုတဲ့ သတင်းတွေဟာ ကျယ်လောင်ခဲ့ပါသေးတယ် ။

အခြားတစ်ဖက်မှာတော့ သူ့ကို ခေါ်ယူဖို့ ပြင်သစ် လီဂူဝမ်း ထိပ်သီး PSG အသင်းက စိတ်ဝင်စားခဲ့တဲ့ အတွက် သူဟာ ပဲရစ်ကို ရောက်လိမ့်မယ်လို့လည်း ထင်​​ကြေးတွေ ပေးခံခဲ့ရပါသေးတယ် ။ ဒါပေမဲ့ PSG မှ မက်ဆီကို ခေါ်ယူခဲ့တဲ့နောက် အဆိုပါ သတင်းသံတွေ တိတ်ဆိတ်သွားခဲ့ရ ပါတယ် ။

myan789

အဲ့ဒီနောက် စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်းဟာ ကွင်းလယ် ဖန်တီးရှင် မာတင် အိုဒီဂတ်ကို အာဆင်နယ် အသင်းဆီ ရောင်းချခဲ့ပြီး အဆိုပါ နေရာကို အင်အား ပြန်လည် ဖြည့်တင်းဖို့ အတွက် ယူနိုက်တက် ကွင်းလယ်လူကို ခေါ်ယူလိမ့်မယ်လို့ သတင်းထွက်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ ရီးယဲ မက်ဒရစ် အသင်းဟာ ပေါ့ဂ်ဘာကို ခေါ်ယူရေးထက် PSG အသင်းမှ တိုက်စစ် ကစားသမား ဖြစ်သူ ကိုင်လီယံ အမ်ဘက်ပီကို ခေါ်ယူနိုင်ဖို့ပဲ တစိုက်မက်မက် ကြိုးစားအားထုတ် သွားခဲ့ပါတယ် ။ အခုတော့ ရီးယဲ တို့ဟာ အမ်ဘက်ပီရော ပေါ့ဂ်ဘာကိုရော မခေါ်ယူနိုင်ခဲ့ကြပါဘူး ။

ဒါ့အပြင် ယူနိုက်တက်တို့ ဂျုဗင်တပ်မှ ရော်နယ်ဒိုကို ခေါ်ယူပြီးချိန် ပေါ့ဂ်ဘာကို တူရင် အခြေစိုက် ကလပ်ဆီ ပြန်ပြီး ရောင်းထုတ်သွားလိမ့်မယ်လို့ သတင်းအချို့ ထွက်ခဲ့ပြန်ပါသေးတယ် ။ ဒါပေမဲ့ လက်တွေ့မှာတော့ အဲ့တာလည််း ကောလဟာလ သတင်းမျှသာ ဖြစ်သွားခဲ့ရ ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းအတွက် 3 ပွဲ ကစားပြီး 5 ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ကိုယ်တိုင်က မန်ချက်စတာမှာပျော်ရွှင်ကြောင်း ထုတ်ဖော် ပြောကြားခြင်းဖြင့် ကောလဟာလ သတင်းတွေကို တိတ်ဆိတ်စေခဲ့လိုက်ပါပြီ ။

” ရိုးရိုးသားသား ပြောရရင် ကျွန်တော် အရမ်း အရမ်းကို ပျော်ရွှင်နေပါတယ် ။ ကျွန်တော်ကိုယ်တိုင် ပျော်ရွှင်မှုတွေကို ခံစားနေပါတယ် ။ ပရီးမီးယားလိဂ်လည်း ပြန်လည် စတင််ခဲ့ပါပြီ ။ ကျွန်တော်လည်း ကောင်းမွန်တဲ့ အားလပ်ရက််တွေကို ဖြတ်သန်းပြီး ပွဲစဥ်တွေ ကစားနေခဲ့ရပါပြီ ”

” ဒါဟာ အရမ်း ၊ အရမ်းကို ကောင်းလှပါတယ် ။ ခင်ဗျားတို့ ဖိုင်နယ် (ယူရို ပါလိဂ်) ပွဲစဥ် တစ်ပွဲ ကစားပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင် အမြဲတမ်း နာကျင် ခံစားနေရမှာ ပါပဲ ။ အခုတော့ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ရာသီကထက် ပိုကောင်းစွာ ကစားနိုင်ဖို့ ၊ ဆုဖလား တစ်ခုလောက် ရယူနိုင်ဖို့ ဆာလောင််နေကြပါပြီ ”

” ကျွန်တော် ပျော်ရွှင်နေပါတယ် ။ ရိုးသားစွာ ပြောရရင် ခံစားချက်တွေလည်း ကောင်းမွန်နေပါတယ် ။ ကျွန်တော် ကျန်းမာနေသလို ဒဏ်ရာလည်း ကင်းစင် နေခဲ့ပါတယ် ။ အခုတော့ ကျွန်တော်ဟာ နိုင်ပွဲတွေ အကြောင်းကိုပဲ တွေးတောနေပါတယ် ” လို့ ပေါ့ဂ်ဘာက ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular