spot_img

ဂရင်းဝုဒ် အခွင့်အရေးအပြည့်ရှိသည်ဟု ဆောက်ဂိတ် ဆို

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က လာမည့်လတွင် ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ(၃)ပွဲအတွက် ဂရင်းဝုဒ်ကို ရွေးချယ်ခြင်းမပြုခဲ့သော်လည်း ၎င်းအနေဖြင့် အခွင့်အရေးအပြည့်ရှိသည်ဟု ပြောကြားခဲ့သည်။

ဂရင်းဝုဒ်(၁၉ နှစ်)သည် ၂၀၂၀ ခုနှစ်တွင် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် စတင်ရွေးချယ်ခြင်းခံခဲ့ရသော်လည်း အိုက်စလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်း ချိုးဖောက်မှုကြောင့် အသင်းဖော် ဖိုဒန်နှင့်အတူ အိမ်ပြန်ပို့ခံခဲ့ရသူဖြစ်သည်။

myan789

ဂရင်းဝုဒ်သည် ဂျမေကာလက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့်ရှိနေသူလည်း ဖြစ်သောကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် မရွေးချယ်ခြင်းကို ပရိသတ်အချို့က စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

သို့သော် ဆောက်ဂိတ်က ဂရင်းဝုဒ်အနေဖြင့် အင်္ဂလန်ကို ကိုယ်စားပြုရန် (၁၀၀%)ဆန္ဒရှိသလို၊ ၎င်းအတွက် အခွင့်အရေးအပြည့်ရှိသည်ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular