spot_img

ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ပွဲတိုင်းကို အနိုင်ရလိုသည်ဟု PSG အသင်းနည်းပြ ပိုချက်တီနို ပြောကြား

PSG အသင်း၏နည်းပြ ပိုချက်တီနိုက ယခုရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ပွဲတိုင်းကို အနိုင်ရလိုသည်ဟု ပြောကြားခဲ့သည်။

ပိုချက်တီနိုက “အုပ်စုပထမနေရာရဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့ ပွဲတိုင်းအနိုင်ရလိုပြီး ဒါဟာ ကျွန်တော်တို့အတွက် အဓိကစိန်ခေါ်မှုပါပဲ။ မန်စီးတီးနဲ့ ရင်ဆိုင်ရမှာကတော့ အမြဲထူးခြားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်နေတာကြောင့်ပါ။ လိုက်ပ်ဇစ်နဲ့ ကလပ်ဘရုဂေးကလည်း သူတို့ရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်အောင် ကြိုးစားသွားမှာ သေချာပါတယ်”ဟု ပြောကြားခဲ့သည်။

myan789

PSG အသင်းသည် ယခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စု (A) တွင် မန်စီးတီး၊ လိုက်ပ်ဇစ်၊ ကလပ်ဘရုဂေး အသင်း တို့နှင့်အတူကျရောက်နေပြီး ဗိုလ်စွဲရန်ရေပန်းစားမှုစာရင်းတွင် ထိပ်ဆုံးမှဦးဆောင်လျက်ရှိသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular