ဒေါ့မွန် – ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် နံနက် ၁:၀၀ နာရီ)
ဒေါ့မွန်အသင်းအနေနဲ့ ဒီရာသီမှာရော ခြေစွမ်းအတက် အကျများနေဦးမလားဆိုတာ သင်္ကာမကင်းစရာ ဖြစ်လာနေ တယ်။ ဂိုးသွင်းစက် ဟော်လန်းကလည်း နောက်ဆုံး (၂)ပွဲဆက် ဂိုးပေါက်ပြန်ပျောက်ထားတာ တွေ့ရတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေအရတော့ ဒီနှစ်သင်းဆုံတွေ့တိုင်း အကြိတ်အနယ်ရှိပြီး ဒေါ့မွန်အသင်း ဂိုးပြတ်နိုင်တဲ့ပွဲဆိုတာ အတော်လေးရှားပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံးတွေ့ဆုံမှု(၁၈)ပွဲမှာ ဒေါ့မွန်အသင်း ဂိုးပြတ်အနိုင်ရတာကလည်း (၁)ပွဲပဲ ရှိခဲ့ပါတယ်။ ဟော်ဖန်ဟင်မ်ကတော့ ရာသီအစကောင်းနေတယ်လို့ ဆိုရမှာပါ။ ဟော်ဖန်ဟင်မ် ဂိုးပြတ်မရှုံးအောင် ခံကစားနိုင်မယ်ထင်တယ်။