spot_img

မက်ဆီ မရှိတော့သော်လည်း ယင်းအခြေအနေအား မိမိတို့ မပြောင်းလဲနိုင်သေးဟု ရော်နယ်လ်ကိုးမန်း ဖွင့်ဟ

ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက မိမိတို့အသင်းတွင် အသင်းခေါင်းဆောင် မက်ဆီ မရှိတော့သော်လည်း ယင်းအခြေအနေအား မပြောင်းလဲနိုင်သေးဟု ဘီလ်ဘာအိုအသင်းနှင့် (၁-၁)ဂိုးဖြင့် သရေကျခဲ့သည့် လာလီဂါပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။

ရော်နယ်လ်ကိုးမန်းသည် ဘီလ်ဘာအိုအသင်းအား သရေကျခဲ့ခြင်းမှာ အသင်းတွင် မက်ဆီမရှိတော့သည့်သက်ရောက်မှုများကို ခံစားနေရခြင်းဖြစ်သည်ဟု တွေးထင်နေကြောင်းလည်း သိရသည်။

myan789

ဘာစီလိုနာအသင်းသည် ယခုနွေရာသီတွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့သည့် အဓိကကစားသမား မက်ဆီနှင့် လမ်းခွဲခဲ့ပြီး မက်ဆီမှာ သြဂုတ် (၁၀)ရက် နေ့က ပြင်သစ်ကလပ် PSG အသင်းထံ တရားဝင်ပြောင်းရွှေ့သွားခဲ့သည်။

မက်ဆီသည် အကယ်ဒမီကစားသမားဘဝမှစတင်ကာ ဘာစီလိုနာအသင်းတွင် ကစားခဲ့သူဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားသူ၊ ဂိုးအများဆုံးသွင်းသူ၊ ဖန်တီးမှုအများဆုံးပြုလုပ်သူ၊ ဆုဖလားအများဆုံးရရှိသူစသည်ဖြင့် စံချိန်မှတ်တမ်းများစွာ တင်ရှိနိုင်ခဲ့သလို၊ အသင်း၏ ပုံရိပ်အကြီးမားဆုံး ကစားသမားအဖြစ်လည်း ဆယ်စုနှစ်တစ်ခုကျော် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။

ထို့ကြောင့် မက်ဆီ ထွက်ခွာသွားပြီးနောက် ဘာစီလိုနာအသင်းအနေဖြင့် ရုန်းကန်ရမှုများရှိလိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြပြီး လက်ရှိအချိန်တွင် နည်းပြဖြစ်သူကပါ မက်ဆီမရှိသည့် သက်ရောက်မှုများကို ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

ရော်နယ်လ်ကိုးမန်းက ”အကြောင်းအရာတစ်ခုကို ခဏခဏပြောနေရတာ ကျွန်တော် မကြိုက်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်အကြောင်းကို ပြောနေကြတာပါ။ ဘာစီလိုနာမှာ မက်ဆီရှိတုန်းက ပြိုင်ဘက်တွေဟာ ကျွန်တော်တို့အသင်းကို ပိုမိုကြောက်လန့်လေ့ရှိပါတယ်”ဟု ဘီလ်ဘာအိုအသင်းနှင့် ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ ပြင် ကိုးမန်းက အသင်းတွင် မက်ဆီမရှိတော့သည်ကို မိမိသိသော်လည်း အသင်းအနေဖြင့် ယင်းအခြေအနေကို မပြောင်းလဲနိုင်သေးကြောင်းပြောကြားခဲ့သည်။

ကိုးမန်းက ”ခင်ဗျားအနေနဲ့ ဘောလုံးကို လီယို (မက် ဆီ)ဆီ ပေးလိုက်တယ်ဆိုရင် ထုံးစံအတိုင်း သူဟာ အဲဒီဘောလုံးကို မဆုံးရှုံးအောင် ပြုလုပ်ပါလိမ့်မယ်။ ခင်ဗျားတို့ (မီဒီယာသမားများ)အနေနဲ့ အသင်းမှာ မက်ဆီမှ မရှိတော့တာလို့ပြောနိုင်ပါတယ်။ ကျွန်တော်တို့လည်း ဒါကို သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီအခြေအနေကို မပြောင်းလဲနိုင်သေးပါဘူး”ဟု မီဒီယာသမားများကို ပြောကြားခဲ့ သည်။

မက်ဆီသည် ဘာစီလိုနာကစားသမားဘဝတွင် ဘီလ်ဘာအိုအသင်းနှင့်တွေ့ဆုံတိုင်း ဂိုးများ သွင်းယူလေ့ရှိသူဖြစ်ပြီး ဘီလ်ဘာအိုအသင်းဘက်သို့ ပြိုင်ပွဲစုံတွင် (၂၉)ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular