spot_img

ဂျာမနီနိုင်ငံရှိ ရေဘေးပြန်လည်ထူထောင်ရေးအတွက် အာဆင်နယ်နှင့်ပွဲမှ ဖိနပ်ကိုဟာဗက်ဇ် လေလံတင်ရောင်းချမည်

ချယ်လ်ဆီးအသင်းကွင်းလယ်လူ ဟာဗက်ဇ်သည် မွေးရပ်မြေ ဂျာမနီနိုင်ငံရှိ ရေဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် လှူဒါန်းရန် အာဆင်နယ်အသင်းနှင့် ယနေ့ ကစားမည့်ပွဲမှ ဖိနပ်ကို လေလံတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လလယ်ပိုင်းက ဂျာမနီနိုင်ငံ အနောက်ပိုင်းဒေသများတွင် ရေလွှမ်းမိုးမှုကြောင့် လူ ၁၈၉ ဦး သေဆုံးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ပွားမှုများလည်း ရင်ဆိုင်နေရသည်။ သို့ ဖြစ်ရာ ဂျာမနီလက်ရွေးစင်ကစားသမားဖြစ် သူ ဟာဗက်ဇ်က အာဆင်နယ်အသင်းနှင့် ပွဲတွင်ဝတ်ဆင်မည့် ဘောကန်ဖိနပ်နှင့် ၎င်းလက်မှတ်ရေးထိုးထားသည့်အကျႌကို လေလံတင်ရောင်းချ၍ ရရှိသည့်ငွေကြေးအားလုံးကို ဂျာမနီနိုင်ငံရှိ ကြက်ခြေနီအဖွဲ့ထံ ပြန်လည် လှူဒါန်းရန် စီစဉ်ထားခြင်းဖြစ်သည်။

myan789

“ဓာတ်ပုံတွေကို ပထမဆုံး မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော်ရှော့ခ်ရသွားပါတယ်။ အခုအချိန်မှာ သူတို့တွေဘာလုပ်ရမလဲဆိုတာ နားလည်နိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တစ်ခုခု လုပ်ရမယ်ဆိုတာတော့ သိပါတယ်။ ကျွန်တော် က အထူးအခြေအနေတစ်ရပ်မှာ ရှိနေတာပါ။ ဂျာမနီကြက်ခြေနီအဖွဲ့ကို ထောက်ခံတဲ့လှုပ် ရှားမှု စတင်ခြင်းအားဖြင့် တခြားသူတွေဆီကလည်း အကူအညီရရှိဖို့ လှုံ့ဆော်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဟာဗက်ဇ်ဝတ်ဆင်မည့် ဖိနပ်နှင့် လက်မှတ်ရေးထိုးထားသည့်အကျႌကို Charity Stars ဝက်ဘ်ဆိုက်တွင် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular