spot_img

ပေါ့ဘာကို တစ်ပတ်လုပ်ခ ပေါင် (၄၀၀၀၀၀)အထိ တိုးမြှင့်ပေးပြီး စာချုပ်သစ်အတွက် ထပ်မံကမ်းလှမ်းရန် မန်ယူအသင်း စီစဉ်

မန်ယူအသင်းသည် ပြင်သစ် ကွင်းလယ်ကစားသမား ပေါ့ဘာကို တစ်ပတ်လုပ်ခ ပေါင်(၄၀၀၀၀၀)အထိ တိုးမြှင့်ပေးပြီး စာချုပ်သစ်အတွက် ထပ်မံကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။

ပေါ့ဘာသည် လက်ရှိအချိန်တွင် မန်ယူအသင်း၌ တစ်ပတ်လုပ်ခ ပေါင်(၂၉၀၀၀၀)ရရှိနေသူဖြစ်ပြီး မန်ယူအသင်းက ပေါင်(၃၅၀၀၀၀)ဖြင့် သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ငြင်းပယ်ထားသူဖြစ်သည်။

myan789

ထို့ ကြောင့် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သည့် ပေါ့ဘာကို လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ပြုရဖွယ်ရှိနေပြီး ၎င်းင်းအား ခေါ်ယူရန် PSG နှင့် ရီးယဲလ်တို့က အပြိုင်ဖြစ်နေကြသည်။

PSG အသင်းက ပေါ့ဘာကို တစ်ပတ်ပေါင်(၆၀၀၀၀၀)အထိပေးချေရန် အသင့်ရှိနေသည်ဟုလည်း သတင်းများထွက်ပေါ်နေ သည်။

ယင်းအတွက် မန်ယူအသင်းက လစာတိုးမြှင့်ပေး၍ ထပ်မံကြိုးပမ်းရန် စီစဉ်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။

မန်ယူအသင်းသည် (၅)နှစ် စာချုပ်ချုပ်ဆိုသွားရန် စီစဉ်ထားကြောင်းလည်း The Athletic သတင်းစာက ဖော်ပြခဲ့သည်။

လက်ရှိ မန်ယူအသင်းတွင် လစာအများဆုံးရရှိနေသူမှာ ဂိုးသမား ဒီဟေးယားဖြစ်ပြီး တစ်ပတ်ပေါင်(၃၇၅၀၀၀)ရရှိနေသလို၊ ကစားသမားသစ် ဆန်ချိုမှာလည်း တစ်ပတ်ပေါင်(၃၀၀၀၀၀) ရရှိနေသည်။

ပေါ့ဘာအနေဖြင့် မန်ယူအသင်း၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါက အသင်း၏ လစာအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင် မည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular