ပရီးမီးယားလိဂ်၏ အမှုဆောင်ချုပ် ရစ်ချတ်မာစတာစ်က မိမိတို့၏ ပြိုင်ပွဲသည် ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလိဂ်အဖြစ် ဆက်လက်ဦးဆောင်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။
နောက်ဆုံး(၂)ရာသီ၌ ချန်ပီယံအသင်းနှင့် အဆင့်(၅) နေရာမှအသင်းကြား အမှတ်ကွာဟချက်များပြားခဲ့သော်လည်း ယင်းအချက်မှာ ပြဿနာမဟုတ်ဟုလည်း ၎င်းက ဆိုခဲ့သည်။
“ပရီးမီးယားလိဂ်က ဥရောပမှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပါ။ ဒီအခြေအနေအတိုင်း ဆက်ရှိဖို့ ကျွန်တော်တို့ လိုလားသလို၊ ဆက်ရှိနေတယ်လို့လည်း ယုံကြည်ပါတယ်”ဟု ရစ်ချတ်မာစတာစ် က ပြောကြားခဲ့သည်။