spot_img

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲ ရက်ရွှေ့ဆိုင်းခဲ့သော်လည်း ပြိုင်ပွဲကျင်းပမည့်ရက် မပြောင်းလဲဘဲ ယခင်အတိုင်း သတ်မှတ်ထား

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ရက်ရွှေ့ဆိုင်းခဲ့သော်လည်း ပြိုင်ပွဲကျင်းပမည့်ရက် မပြောင်းလဲဘဲ ယခင်သတ်မှတ်ထားသည့်ရက်အတိုင်း ကျင်းပရန် စီစဉ် နေကြောင်း သိရသည်။

AFF သည် အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့ခြင်းဖြစ်သည်။ AFF သည် ယင်းပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို သြဂုတ် ၁၀ ရက်တွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်ရန် စီစဉ်ထားသော်လည်း ကပ်ရောဂါ အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

myan789

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ပုံမှန်အရ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ကျင်းပရမည်ဖြစ်သော်လည်း ကပ်ရောဂါအခြေအနေကြောင့် ယခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရပြီး လက်ရှိအချိန်အထိ ပြိုင်ပွဲကျင်းပနိုင်ရန် အခက်အခဲများ ရင်ဆိုင် နေရခြင်းဖြစ်သည်။ ကပ်ရောဂါအခြေအနေမှာ အရှေ့တောင်အာရှနိုင်ငံများတွင် သက်ရောက်မှုကြီးမားနေပြီး ပြီးခဲ့သည့်နှစ်က အာဆီယံအဆင့် ဘောလုံးပြိုင်ပွဲအားလုံး ဖျက်သိမ်းခဲ့ရသလို ယခုနှစ်တွင်လည်း ကျင်းပနိုင်ရန် မသေချာသည့်အနေအထားနှင့် ကြုံတွေ့ နေရခြင်းဖြစ်သည်။

AFFသည် ယခုနှစ်အတွင်း ဘောလုံး၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးပြိုင်ပွဲ ကိုးခုအထိ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ပြီး အာဆီယံဆူဇူကီးဖလားပြိုင်ပွဲသာ ရက်သတ်မှတ်နိုင်သေးသော်လည်း ကျန်ပြိုင်ပွဲများနှင့်ပတ် သက်၍ ထုတ်ပြန်ခြင်းမရှိသေးပေ။ AFF သည် စပွန်ဆာဝင်ငွေ မြင့်မားစွာရရှိမည်ဖြစ်သောကြောင့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ကို မဖြစ်မနေကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

အရှေ့တောင်အာရှ ၁၁ သင်းရှိသောကြောင့် AFF အနေဖြင့် အဆင့်သတ်မှတ်ချက် အနိမ့်ဆုံးနှစ်သင်းကို ခြေစစ်ပွဲကစားစေမည်ဖြစ်ပြီး နောက်ဆုံးအဆင့်တွင် အသင်း ၁၀ သင်းကို ငါးသင်းနှစ်အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစား စေမည်ဖြစ်သည်။ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး နှစ်နှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်သည်။

ယခင် က တိုက်ဂါးဖလားပြိုင်ပွဲ၊ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲအမည်များဖြင့် ကျင်းပခဲ့ပြီး ၂၀၀၈ ခုနှစ်မှစတင်ကာ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲအမည်ဖြင့် ကျင်းပခဲ့သည်။ AFF သည် ယခုပြိုင်ပွဲကို ဆက်လက်စပွန်ဆာပေးရန် ဆူဇူကီးကုမ္ပဏီနှင့် သဘောတူညီမှုရခဲ့သဖြင့် ဆက်လက်ပံ့ပိုးကူညီမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular