spot_img

လာလီဂါလစာကန့်သတ်ချက် စည်းမျဉ်းကြောင့် မက်ဆီကို စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့ကြောင်း လာပေါ်တာ ဝန်ခံ

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက လာလီဂါပြိုင်ပွဲ၏ လစာစည်းမျဉ်းကြောင့် မက်ဆီကို စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

ဘာစီလိုနာအသင်းသည် ဇွန်လ (၃၀)ရက်က အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို စာချုပ်သစ် ချုပ်ဆိုတော့မည်မဟုတ်ကြောင်း သြဂုတ်လ (၅)ရက်တွင် ကြေညာခဲ့သည်။

myan789

ယင်းသတင်းကြောင့် ဘာစီလိုနာအသင်းအားပေးသူ ပရိသတ်များသည် အသင်း၏လေ့ကျင့်ရေးအပြင်ဘက်တွင် စုဝေးခဲ့ကြပြီး မက်ဆီကို လက်လွှတ်ရခြင်းအတွက် ဝမ်းနည်းကြောင်းပြသလို၊ ပရိသတ်အချို့မှာ ငိုကြွေးခဲ့ကြကြောင်း သိရှိရသည်။

လာပေါ်တာသည် မက်ဆီအား စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိသည့်အတွက် ယနေ့တွင် သတင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လာပေါ်တာက “လီယို(မက်ဆီ)က ဘာစီလိုနာအသင်းမှာ ဆက်နေချင်သလို၊ ကျွန်တော်တို့ကလည်း သူ့ကို အသင်းမှာပဲ ဆက်ရှိနေစေချင်တာပါ။ အဲဒီအတွက် ဖြစ်နိုင်ခြေတွေအားလုံးကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ပြီး သူ့ကိုကမ်းလှမ်းတဲ့အသင်းတွေလည်း များစွာရှိပါတယ်။ မက်ဆီကို စာချုပ်သစ်ချုပ်ဆိုဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပေမဲ့ လာလီဂါလစာစည်းမျဉ်းကြောင့် အဆင်မပြေခဲ့ပါဘူး။ လာလီဂါတာဝန်ရှိသူတွေအနေနဲ့ စည်းမျဉ်းကို ပြင်ဆင်ပေးမယ်လို့ ကျွန်တော် ထင်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ဖြစ်မလာခဲ့ပါဘူး။ လီယိုဟာ အရာအားလုံးနဲ့ ထိုက်တန်သူပါ။ ဘာစီလိုနာကို ဘယ်လောက်ချစ်ကြောင်း သူ သက်သေပြပြီးပါပြီ။ သူ့ကို စာချုပ်သစ် မချုပ်နိုင်ခဲ့တဲ့အတွက် ကျွန်တော် ဝမ်းနည်းရပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအတွက် အကောင်းဆုံးကို ကျွန်တော် လုပ်ခဲ့တာပါ”ဟု ပြောကြားခဲ့သည်။

ထို့ပြင် လာပေါ်တာက မက်ဆီမှာ ဘာစီလိုနာအသင်းသမိုင်းတွင် အကောင်းဆုံးကစားသမားဖြစ်ပြီး မိမိတို့အနေဖြင့် ခေတ်သစ် စတင်ပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular