spot_img

အင်္ဂလန်တွင် အင်အားပြင်းထန်သည့် ခေါင်းတိုက်လေ့ကျင့်မှု တစ်ပတ်လျှင် (၁၀) ကြိမ်သာပြုလုပ်ရန် ညွှန်ကြား

ကစားသမားများ၏ ကျန်းမာရေးကို အကာအကွယ်ပေးရန်အတွက် အင်္ဂလန်တွင် အင်အားပြင်းထန်သည့် ခေါင်းတိုက်လေ့ကျင့်မှုကို တစ်ပတ်လျှင် (၁၀) ကြိမ်သာပြုလုပ်ရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းညွှန်ကြားချက်ကို အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် (FA)၊ ပရီးမီးယားလိဂ်၊ အင်္ဂလိပ်ဘောလုံးလိဂ် (EFL)၊ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့ချုပ် (PFA) နှင့် လိဂ်မန်နေဂျာများအဖွဲ့ချုပ်(LMA) တို့က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

myan789

အင်အားပြင်းထန်သည့် ခေါင်းတိုက်မှုဟုဆိုရာတွင် ၃၅ မီတာထက်ပိုဝေးသည့်နေရာမှ ပေးပို့မှုများ၊ ဖြတ်တင်ဘောများ၊ ထောင့်ကန်ဘောနှင့် ပြစ်ဒဏ်ဘောအား ခေါင်းတိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အပျော်တမ်းဘောလုံးတွင်လည်း တစ်ပတ်လျှင် ခေါင်းတိုက်လေ့ကျင့်ခန်း တစ်ကြိမ်နှင့် တစ်ကြိမ်လျှင် ခေါင်းတိုက်မှု (၁၀) ကြိမ်သာ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular