spot_img

ချယ်လ်ဆီးအသင်းက ပေါင်သန်း(၁၅၀)ဖြင့် ခေါ်ယူရန်စီစဉ်နေသည် ဆိုသောသတင်းမှာ ကောလာဟလသာဖြစ်ရန်မျှော်လင့်ဟု ဟော်လန်း ဆို

ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းက ပရီးမီးယားလိဂ်ထိပ်သီး ချယ်လ်ဆီးအသင်းက မိမိအား ပေါင်သန်း(၁၅၀) ဖြင့် ခေါ်ယူရန် စီစဉ်နေသည်ဆိုသောသတင်းများမှာ ကောလာဟလသတင်းများဖြစ်ရန်သာ မျှော်လင့်ကြောင်းနှင့့် မိမိအနေဖြင့် ဒေါ့မွန်အသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့သည်။

အသက် (၂၁)နှစ်အရွယ်ရှိ နော်ဝေတိုက်စစ်မှူးဟော်လန်းသည် ပြီးခဲ့သည့်ရာသီက ဒေါ့မွန်အသင်းတွင် ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ဥရောပထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကို ခံနေရပြီး ချယ်လ်ဆီးအသင်းက ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အရခေါ်ယူရန် စီစဉ်နေကြောင်း ဥရောပမီဒီယာများက ဖော်ကြနေသည်။

myan789

ဗြိတိန်သတင်းစာ Daily Mail ၏ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဟော်လန်းကို ပေါင်သန်း (၁၅၀)ဖြင့် ခေါ်ယူရန်ပြင်ဆင်နေပြီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကလည်း ခွင့်ပြုထားပြီဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ဒေါ့မွန်အသင်းနှင့် သြစတြီးယားနိုင်ငံတွင် လာမည့် ၂၀၂၁-၂၂ ရာသီအတွက် စခန်းဝင်လေ့ကျင့်နေသည့် ဟော်လန်းက ဒေါ့မွန်အသင်းနှင့် စာချုပ်သက်တမ်း (၃)နှစ်ကျန်ရှိနေသေးပြီး အသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟော်လန်းက ”မနေ့က မတိုင်ခင်အထိ ကျွန်တော့် အေးဂျင့်နဲ့ စကားမပြောဖြစ်တာ (၁)လလောက် ရှိပါပြီ။ ကျွန်တော့်ကို ချယ်လ်ဆီးအသင်းက ပေါင်သန်း (၁၅၀) နဲ့ ခေါ်ယူဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေက ကောလာဟလတွေပဲဖြစ်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကစားသမားတစ်ယောက်ကို အဲဒီလောက် ပေးခေါ်ဖို့ဆိုတာ များလွန်းနေလို့ပါပဲ။ ပြီးတော့ ဒေါ့မွန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ ကျွန်တော့်ရဲဲ့စာချုပ်ကလည်း (၃) နှစ်သက်တမ်း ကျန်ရှိနေသေးပြီး ဒီအသင်းမှာ ကျွန်တော် ပျော်နေပါတယ်။ ဆုဖလားတွေရရှိဖို့က အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆုဖလားတွေကို ကျွန်တော် လိုချင်လို့ပါပဲ”ဟု ပြောကြားခဲ့သည်။

ဟော်လန်းသည် ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဆာလ်ဇ်ဘာ့ဂ်အသင်းမှ ဒေါ့မွန်အသင်းသို့ ယူရိုသန်း (၂၀)ဝန်းကျင်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၅၉)ပွဲတွင် (၅၇)ဂိုး သွင်းယူထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular