spot_img

မန်ယူနိုက်တက် ကစားသမားသစ် ဖြစ်လာတော့မယ့် ရာဖေးဗာရန်းနဲ့ ပက်သက်တဲ့ သံသယ တစ်ခုကို ထုတ်ဖော်လိုက်တဲ့ ဖာဒီနန်

ရီယိုဖာဒီနန်က သူဟာ မန်ချက်စတာယူနိုက်တက် အသင်းကို မကြာခင် ပြောင်းရွေ့လာတော့မယ့် ရာဖေးဗာရန်းရဲ့ အမာခံ ပရိတ်သတ် တစ်ဦးလို့ ဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း ဖာဒီနန်က ပြင်သစ် နောက်ခံလူဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ကြံ့ခိုင်မှုနဲ့ အသားတကျ ဖြစ်ပမလား ဆိုတာ သံသယတော့ ရှိမိတယ်လို့ ဝန်ခံခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ မန်ယူနိုက်တက်ကို ပြောင်းရွေ့ကြေး ယူရို သန်း ၅၀ ပတ်ဝန်းကျင်နဲ့ ရောက်ရှိရန် နီးစပ်လျက် ရှိနေပြီး ဗာရန်းလို ချန်ပီယံလိဂ် ဖလား ၄ ကြိမ် ၊ လာလီဂါ ဖလား ၃ ကြိမ် နဲ့ ကမ္ဘာ့ဖလား ဆွတ်ခူးထားတဲ့ နောက်ခံလူ တစ်ဦးကို ခေါ်ယူနိုင်ခြင်းဟာ တကယ့်ကို ကောင်းမွန်တဲ့ အပြောင်းအရွေ့ လှုပ်ရှားမှု တစ်ခု ဖြစ်လာမယ့်ပုံ ရှိနေပါတယ်။

myan789

ဖာဒီနန်က ပြင်သစ်နောက်ခံလူဟာ မန်ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှာ မက်ဂွိုင်းယား အတွက် ပြီးပြည့်စုံတဲ့ ပါတနာ တစ်ဦး ဖြစ်တယ်လို့ ယူဆနေပြီး ၎င်းရဲ့ လျှင်မြန်မှု ၊ winning mentality ကို ချီးကျူးလိုက်ပေမယ့် ဗာရန်းနဲ့ ပက်သက်ပြီး မေးခွန်းထုတ်စရာ တစ်ခုတော့ ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။

မန်ယူနိုက်တက် ဂန္ထဝင်က ပရီးမီးယားလိဂ်ကို ရောက်လာခဲ့တဲ့ ဘယ်သူမဆို တစ်ချို့ အသင်းတွေရဲ့ လျှင်မြန်ပြီး တိုက်ရိုက်ကျတဲ့ ကစားဟန်နဲ့ အသားတကျ ဖြစ်ဖို့ လိုအပ်တယ်လို့ ဆိုလိုက်ပြီး ဗာရန်း ကလည်း ဒီပြိုင်ပွဲရဲ့ ကစားဟန်နဲ့ အသားကျအောင် လုပ်နိုင်လိမ့်မယ်လို့ ထောက်ခံလိုက်ပါတယ်။

ဖာဒီနန်က “စာရွက်ပေါ်က လူစာရင်းကို ကြည့်လိုက်မယ် ဆိုရင် ယူနိုက်တက်ဟာ အရမ်းအရမ်းကို ကောင်းလှတဲ့ ဗဟိုခံစစ်အတွဲကို ပိုင်ဆိုင်တော့မှာပါ။ ဒါပေမယ့် ဗာရန်းဟာ အရမ်းကို ကွဲပြားခြားနားတဲ့ ပရီးမီးယားလိဂ်ရဲ့ ကစားဟန်ကို နားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဘန်လေတို့ ဘာတို့လို့ တိုက်ရိုက်ကျကျ ထိုးဖောက်ကစားတဲ့ အသင်းတွေ ရှိပါတယ်။ ပရီးမီးယားလိဂ်ဟာ သူအရင်က ကစားခဲ့ဖူးတဲ့ လိဂ်တွေနဲ့ မတူပါဘူး။

သူဒါကို ဖြေရှင်းနိုင်မှာလား? ဒါတွေကတော့ သူ ပရီးမီးယားလိဂ်မှာ မေးခွန်းထုတ်ခံရမယ့် အရာတွေ ပါပဲ။ ပရီးမီးယားလိဂ်မှာ သူ စပိန်မှာ ကစားခဲ့စဉ်တုန်းကလိုမျိုး မဟုတ်တဲ့ နေရာပေါင်းစုံကနေ ပုံစံမျိုးစုံနဲ့ ထိုးဖောက်ကစားဟန်တွေ ၊ angle အမျိုးမျိုး ကနေ ဖြတ်တင်ဘော မျိုးစုံကို သူ ဖြေရှင်းသွားရမှာပါ။ လာလီဂါမှာ ဘောလုံးကို အနီးပေးကစားမှုတွေက ပိုများပြီး ၊ ပရီးမီးယားလိဂ်ထက် နှေးကာ ၊ bulid-up တွေလည်း ဒီအတိုင်းပါပဲ။

ဒါ့ကြောင့် ဒီလိဂ်မှာ သူ့ကို ပုံစံ မျိုးစုံနဲ့ မေးခွန်းထုတ်ကြမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ တကယ့် အရည်အသွေးကို မြင်တွေ့ရတော့မှာပါ။ သူ ဒါနဲ့ အသားကျအောင် လုပ်နိုင်မလား? ဒါကတော့ တကယ့် မေးခွန်း ပါပဲ။ ကျွန်တော် ကတော့ သူ့မှာ ဒီလို လုပ်နိုင်တဲ့ အရည်အသွေးတွေ ရှိနေတယ်လို့ ယုံကြည်ထား ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular