spot_img

ပေါ့ဂ်ဘာကို ရောင်းထုတ်လိုက်သင့်ပြီ ဖြစ်ကြောင်း ဥပမာပေး ပြောကြားလိုက်တဲ့ ရွိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မကြာသေးခင်ကပဲ စာချုပ် သက်တမ်း ကုန်ဆုံးတော့မဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာကို မက်လောက်စရာ လစာငွေနဲ့ စာချုပ်သစ် ကမ်းလှမ်းခဲ့ပါသေးတယ် ။ ဒါပေမဲ့ ပြင်သစ် လက်ရွေးစင် ကတော့ ငြင်းဆန်ခဲ့ပါတယ် ။

လက်ရှိ အချိန်မှာတော့ သူ့ကို ခေါ်ယူဖို့အတွက် ပြင်သစ် လီဂူးဝမ်း ထိပ်သီး PSG အသင်းက စိတ်ဝင်စား နေခဲ့ပြီး ဆုဖလား အောင်မြင်မှုတွေ ရယူလိုနေတဲ့ နည်းပြ ပိုချက်တီနို က အသင်းကို တောင့်တင်းသထက် တောင့်တင်းအောင် လုပ်ဆောင်လိုနေတယ်လို့ သိရပါတယ် ။

myan789

ဒီလို အနေအထား တစ်ရပ်မှာ ကစားသမားရဲ့ အနာဂတ်ဟာ ဘယ်မှာ ဆက်ရှိနေမလဲ ဆိုတာ မသေချာ မရေရာတဲ့ အဖြစ်မျိုး ရောက်ရှိနေခဲ့ ပါတယ် ။ သတင်း သုံးသပ်သူ အများစု ကတော့ ယူနိုက်တက် တို့ဟာ စာချုပ် မကုန်ခင် ကွင်းလယ်လူကို ရောင်းထုတ်သွားလိမ့်မယ်လို့ ခန့်မှန်းနေခဲ့ကြ ပါတယ် ။
အခုတော့ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်းက ဆိုးလ်ရှား အနေနဲ့ ပြင်သစ် လက်ရွေးစင်ကို ရောင်းထုတ်လိုက်သင့်ပြီဖြစ်ကြောင်း၊ ယူနိုက်တက် ဆိုတာ ယခင် ကတည်းက ထွက်ခွာလိုတဲ့ ကစားသမားကို ရောင်းထုတ်ပြီး ရှေ့ဆက် ရှင်သန်တဲ့ အသင်းမျိုး အဖြစ် ရပ်တည်ခဲ့တဲ့ အသင်းတစ်သင်း ဖြစ်ကြောင်း ဥပမာပေး ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ယူနိုက်တက်ဖက်က နိုးလို့ ပြောတဲ့ အခိုက်အတန့် တစ်ခု တချိန်ချိန် ရောက်လာမှာပါ ။ ဒါက ကြီးကျယ်တဲ့ ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး ။ အရင်တုန်းကလည်း အခြား ကစားသမားတွေ ယူနိုက်တက် အသင်းကနေ ထွက်ခွာခဲ့ဖူးကြ ပါတယ် ”

” ဒေးဗစ် ဘက်ခမ်း အသင်းကနေ ထွက်ခွာချင်ခဲ့တယ် ။ ပီတာ ရှမိုက်ကယ် အသင်းကနေ ထွက်ခွာချင်ခဲ့ပါတယ် ။ သူတို့တွေက အသင်းရဲ့ ဂန္တဝင် ဖြစ်ခဲ့သူတွေပါ ။ ဒါပေမဲ့ သူတို့ ထွက်ခွာသွားကြလို့ မန်ချက်စတာ ယူနိုက်တက်က ဘာမှ ဖြစ်မသွားခဲ့ပါဘူး ”

” ပေါ့ဂ်ဘာ ထွက်ချင်နေလား ? ထွက်ခွင့် ပေးလိုက်ပါ ။ ပြီးရင် ဇန်နဝါရီ ၊ ဒါမှမဟုတ် နွေမှာ ကစားသမား ပြန်ပြီး ဖြည့်တင်းလိုက်ပါ ။ ဒါက ကြီးကျယ်တဲ့ ကိစ္စမှ မဟုတ်ပဲ ။ ပေါ့ဂ်ဘာ အရင်က ထွက်ခဲ့ ပါတယ် ။ ယူနိုက်တက်က ရှင်သန်ဆဲ ပါပဲ

” အခု တစ်ကြိမ် ထပ်ထွက်ရင်လည်း မန်ချက်စတာ ယူနိုက်တက်က ရှင်သန် နေဦးမှာပါပဲ ။ ကျွန်တော့်ကို ယုံကြည်လိုက်ပါ ။ အကယ်လို့ ပေါ့ဂ်ဘာက ခင်ဗျားတို့အတွက် ဆုဖလားတွေ ယူလာပေးလိမ့်မယ်လို့ ယုံကြည်နေရင်တော့ ခင်ဗျားက တာဇံပဲဆိုတာ အတည်ပြုလိုက်တာ ပါပဲ ”

” ခင်ဗျားတို့က ပေါ့ဂ်ဘာဟာ ပါရမီကောင်းတယ် ဆိုတဲ့ စကားကိုပဲ တွင်တွင်ပြောနေကြပါတယ် ။ ဒါပေမဲ့ အလုပ် လုပ်အား ၊ ရည်မှန်းချက် မရှိရင် အလကားပါပဲ ။ ဒီကောင့်ကို ကျွန်တော် အနီးကပ် လေ့လာခဲ့ဖူး ပါတယ် ။ သူဟာ ပြေးတောင် ပြေးချင်တဲ့သူမဟုတ်ပါဘူး ။ ဒီပြိုင်ပွဲ ကစားရင် ပြေးရမှာပဲလေ ” လို့ ရွိုင်ကိန်းက ပြောခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular