လိုင်ယွန်အသင်းသည် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများ ခေါ်ယူရန် စိတ်ဝင်စားနေသည့် ပြင်သစ်ကွင်းလယ်ကစားသမား အော်ယာအတွက် ပြောင်းရွှေ့ကြေးကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း သိရသည်။
အာဝါကို စပါး၊ လီဗာပူးလ်၊ မန်ယူ၊ အာဆင်နယ်အသင်းတို့က ခေါ်ယူရန် ချိန်ရွယ်နေကြပြီး ပေါင်(၂၅)သန်းဝန်းကျင်ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြသည်။
သို့သော် လိုင်ယွန်အသင်းက ၎င်းအတွက် ပေါင်သန်း(၃၀)ဖြင့် ကမ်းလှမ်းမှသာ လက်ခံစဉ်းစားရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာဝါ(၂၃ နှစ်)သည် လိုင်ယွန်အသင်းနှင့် စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေသူဖြစ်သည်။