spot_img

ရိုးမားအသင်း၏ လေ့ကျင့်ရေးကွင်းတွင် ဒရုန်းများ လွှတ်တင်ထားပြီး ရုပ်သံဖန်သားပြင်မှ ပြသသည့်စနစ် မော်ရင်ဟို စတင်အသုံးပြု

ရိုးမားအသင်း နည်းပြသစ် မော်ရင်ဟိုသည် လေ့ကျင့်ရေးကွင်းတွင် ဒရုန်းများလွှတ်တင်ထားပြီး ကွင်းနံဘေးရှိ ရုပ်သံဖန်သားပြင်မှ ပြန်လည်ပြသသည့်စနစ်ကို စတင်အသုံးပြုလျက်ရှိကြောင်း သိရသည်။

Trigoria လေ့ကျင့်ရေးကွင်း၌ နည်းပညာအသစ်များ စတင်အသုံးပြုလျက်ရှိကြောင်း ရိုးမားအသင်းက တနင်္ဂနွေနေ့တွင် Twitter မှတစ်ဆင့် အသိပေးထုတ်ပြန်ခဲ့ပြီး ဒရုန်းများကို အဝေးထိန်းခလုတ်ဖြင့် ထိန်းချုပ်၍ ယင်းမှတစ်ဆင့်ရရှိသည့် ဗွီဒီယိုမှတ်တမ်းကို ကွင်းနံဘေးရှိ ရုပ်သံဖန်သားပြင်၌ ပြသထားကြောင်း သိရသည်။

myan789

ယင်းကဲ့သို့ပြုလုပ်ခြင်းမှာ ကစားသမားများ အမှားပြုလုပ်မိပါက ချက်ချင်းသိနိုင်ရန်နှင့် ရုပ်သံမှတ်တမ်းဖြင့် ရှင်းလင်းပြသ၍ အလျင်အမြန် ပြင်ဆင်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

မော်ရင်ဟိုသည် ရိုးမားအသင်းနှင့် (၃) နှစ် စာချုပ်ချုပ်ဆိုထားပြီး ရာသီကြိုခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရာ စီးရီးဒီကလပ် မွန်တီကာတီနီအသင်းကို (၁၀-၀) ဂိုး၊ စီးရီးဘီသို့ တန်းတက်ခွင့်ရထားသည့် တာနာနာအသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular