spot_img

အာဆင်နယ် ရောက်တော့မယ့် ဘန်ဝိုက်ကို ပရီးမီးယားလိဂ် ထိပ်တန်းကလပ် ၂ ခုက ခေါ်ယူဖို့ မကြိုးစားခဲ့တဲ့ အပေါ် အလွန်အံ့အားသင့်မိတယ်လို့ ဆိုလိုက်တဲ့ ဒန်နီမာဖီ

ဒန်နီမာဖီက ချဲလ်ဆီး ဒါမှမဟုတ် မန်ချက်စတာယူနိုက်တက် အသင်းတို့ အနေနဲ့ အာဆင်နယ်ကို ကျော်ကာ ဘရိုက်တန်နဲ့ အင်္ဂလန် နောက်ခံလူ ဘန်ဝိုက်ကို အရခေါ်ယူခဲ့သင့်တယ်လို့ ဆိုလိုက်ပါတယ်။ ဂန်နားတို့ဟာ ဘန်ဝိုက် အတွက် ဘရိုက်တန်နဲ့ ညှိနှိုင်းမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံးမှာ ပေါင်သန်း ၅၀ နဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်

အသက် ၂၃ နှစ် အရွယ် ဝိုက်ဟာ ပြီးခဲ့တဲ့ ရာသီက ဘရိုက်တန် နဲ့ အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြ ကစားခဲ့တာကြောင့် ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန် အတွက် ကိုယ်စားပြုခွင့် ရခဲ့ပါတယ်။ မီခေးအာတီတာဟာ မကြာခင်မှာပဲ ဘန်ဝိုက်ကို အမ်းမရိတ်မှာ ကြိုဆိုရတော့မှာ ဖြစ်ပေမယ့် မာဖီက အင်္ဂလန် နောက်ခံလူကို ချဲလ်ဆီး နဲ့ မန်ချက်စတာယူနိုက်တက် တို့လို အသင်းတွေက ခေါ်ယူဖို့ မကြိုးစားခဲ့တဲ့ အပေါ် အံ့အားသင့်မိတယ်လို့ ဆိုလိုက် ပါတယ်။

myan789

အိုလီဂန်နာဆိုးရှားဟာ ဒီနွေရာသီမှာ ဗဟိုနောက်ခံလူ တစ်ဦးကို ခေါ်ယူဖို့ စိတ်အား ထက်သန်နေပြီး သရဲနီတို့ဟာ လက်ရှိအချိန်မှာ ရီးရဲယ်မက်ဒရစ် နောက်ခံလူ ရာဖေးဗာရန်းကို ခေါ်ယူနိုင်ဖို့ အတွက် ကြိုးစားလျက် ရှိနေပါတယ်။ ချဲလ်ဆီး နည်းပြ သောမတ်တူချယ် ကလည်း သူ့ရဲ့ အသင်းကို အင်အားဖြည့်တင်းမှုတွေ လုပ်သွားဖို့ အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

မာဖီက “ကစားသမား တစ်ဦး အနေနဲ့ ကိုယ့်ရှေ့မှာ ရှိတဲ့ အခွင့်အရေး အပေါ်မှာသာ အခြေခံပြီး ဆုံးဖြတ်ချက် ချမှတ် နိုင်ပါတယ်။ အကယ်၍ ကျွန်တော်သာ ဘန်ဝိုက် ဖြစ်မယ် ဆိုရင် အာဆင်နယ်ကိုပဲ သွားရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ကိုယ့်ကို ခေါ်ယူဖို့ ကြိုးစားတဲ့ အသင်း ဖြစ်ပြီး ဒါဟာ ကစားသမား ဘ၀ နောက်တဆင့် တက်တာပါပဲ။ အာဆင်နယ်ဟာ ကြီးကြယ်တဲ့ ကလပ် တစ်ခုပါ။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီကထက် ပိုတိုးတက်လာနိုင်မလား? မီခေးအာတီတာဟာ ဒီလူတွေကို တိုးတက်အောင် လုပ်ပေးနိုင်မလား? ဆိုတာကတော့ ဘာမှ ပြောလို့ မရပါဘူး။ ဒါပေမယ့် အာတီတာဟာ ဘန်ဝိုက်ကို စည်းရုံးနိုင်ခဲ့ပြီး ကလပ် ကနေ အလိုရှိနေကြောင်း ပြသခဲ့ပါတယ်။

ဒါဟာ ကြီးမားတဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ အပတ်တိုင်း ကစားခွင့် ရမှာ မို့လို့ပါ။ အာဆင်နယ်ဟာ ဘရိုက်တန်ထက် ပိုမို ကောင်းမွန်တဲ့ ဘောလုံး ပတ်ဝန်းကျင် ဖြစ်ပါတယ်။ ဒါဟာ သူ့ကစားသမား ဘ၀ အတွက် တိုးတက်မှုလား? အမှန်ပါပဲ။ ပြီးခဲ့တဲ့ ရာသီကတော့ အာဆင်နယ်ဟာ ထိပ်တန်း အသင်းကြီးတွေနဲ့ ပြိုင်ဆိုင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် သူတို့ဟာ လာမည့် ရာသီမှာ top 4 ဝင်နိုင်ပါတယ်။

ကစားသမား တစ်ဦး အနေနဲ့ ကိုယ့်ကို အလိုရှိတဲ့ ကလပ်ကိုပဲ ပြောင်းလို့ ရပါတယ်။ သူ့ရဲ့ အရည်အသွေးနဲ့ အလားအလာဟာ တကယ့်ကို ကောင်းတယ် ဆိုတာ ကျွန်တော် သဘောတူပါတယ်။ သူ့ကို မန်ချက်စတာယူနိုက်တက် နဲ့ ချဲလ်ဆီးတို့ ခေါ်ယူဖို့ မကြိုးစားခဲ့တဲ့ အပေါ် ကျွန်တော် အရမ်း အံ့အားသင့်မိပါတယ်။” လို့ ဆိုလိုက်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular