spot_img

ယူရို-၂၀၂၀ ပြိုင်ပွဲ ကလပ်အသင်းအလိုက် ဂိုးသွင်းအများဆုံးစာရင်းတွင် ဂျူဗင်တပ်စ်အသင်းက ၁၂ ဂိုးဖြင့် ထိပ်ဆုံး၌ ရပ်တည်ခဲ့ပြီး ဒုတိယနေရာမှ အင်တာမီလန်နှင့် မန်စီးတီးအသင်းများထက် လေးဂိုး ပိုများခဲ့

ယူရို-၂၀၂၀ ပြိုင်ပွဲ ကလပ်အသင်းအလိုက် ဂိုးသွင်းအများဆုံးစာရင်းတွင် ဂျူဗင်တပ်စ်ကစားသမားများက ၁၂ ဂိုးအထိသွင်းယူကာ ထိပ်ဆုံး၌ရပ်တည်ခဲ့ပြီး ဒုတိယနေရာမှ အင်တာမီလန်နှင့် မန်စီးတီးအသင်းများထက် လေးဂိုးပိုများခဲ့ကြောင်း သိရသည်။

သွင်းဂိုးအများဆုံးကလပ်အသင်း ငါးသင်းစာရင်းတွင် စီးရီးအေပြိုင်ပွဲမှ သုံးသင်းအထိ ပါဝင်ခဲ့ပြီး အတ္တလန်တာအသင်းက စတုတ္ထနေရာ၌ ရပ်တည်ခဲ့သည်။

myan789

ယူရိုပြိုင်ပွဲတွင် ဂျူဗင်တပ်စ်ကစားသမားများထဲမှ စီရော်နယ်လ်ဒိုက ငါးဂိုး၊ မိုရာတာက သုံးဂိုး၊ ခီယေဆာက နှစ်ဂိုး၊ ရမ်ဆေး နှင့် ဘိုနူချီက တစ်ဂိုးစီ သွင်းယူခဲ့ကြခြင်းဖြစ်သည်။

ပြိုင်ပွဲတစ်ခုတည်း၌ ကလပ်အသင်းတစ်သင်းတည်းမှ ကစားသမား ငါးဦးအထိ ဂိုးသွင်းယူနိုင်ခြင်းသည် ယူရိုပြိုင်ပွဲ၏မူလစံချိန်ကို အမီလိုက်နိုင်ခဲ့ပြီး အတ္တလန်တာ၊ မန်စီးတီးအသင်းများမှလည်း ယင်းမှတ်တမ်းကို ဂျူဗင် တပ်စ်နှင့်အတူ ပိုင်ဆိုင်ခဲ့သည်။

ယူရို-၂၀၁၂ ပြိုင်ပွဲတွင် ရီးယဲလ်အသင်းမှ ကစားသမား ငါးဦးအထိ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အဆိုပါအသင်းသုံးသင်းက အလားတူစွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီ ယူရို-၁၉၈၄ ပြိုင်ပွဲတွင် အန်ဒါလက်ချ်အသင်း၊ ယူရို-၂၀၀၀ ပြိုင်ပွဲတွင် ဘာစီလိုနာအသင်းတို့က ပထမနှင့် ဒုတိယအသင်းများ ဖြစ်ခဲ့သည်။

အီတလီအသင်း ယူရိုချန်ပီယံဆုရယူနိုင်မှုနှင့်အတူ စီးရီးအေကလပ်အသင်းများမှ ကစားသမားများလည်း ဂိုးများသွင်းယူနိုင်ခဲ့ကြသည်။

ဆာဆူအိုလို၊ ဆမ်ဒိုးရီးယား၊ နာပိုလီနှင့် လာဇီယိုအသင်းများမှလည်း နှစ်ဂိုးစီ သွင်းယူခဲ့ကြပြီး ထူးခြားမှုမှာ ယင်းအသင်းများမှ ကစားသမားတစ်ဦးတည်းက နှစ်ဂိုးစီ သွင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုစစ်တမ်းကို Sky Sport Italia သတင်းဌာနကပြုစုကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နှစ်ဂိုးနှင့်အထက်သွင်းယူနိုင်သည့် ကလပ်အသင်းပေါင်းမှာ ၂၆ သင်းအထိ ရှိခဲ့သည်။

သွင်းဂိုးအများဆုံး ထိပ်ဆုံး ၁၀ သင်းတွင် ပရီးမီးယားလိဂ်ကလပ်အသင်း နှစ်သင်းသာ ပါဝင်ခဲ့ပြီး မန်စီးတီးအသင်းက ပူးတွဲ ဒုတိယနေရာနှင့် လီဗာပူးလ်အသင်းက ပူးတွဲဆဋ္ဌမနေရာတွင် ရပ်တည်ခဲ့ကြသည်။

ပရီးမီးယားလိဂ်ထိပ်သီးခြောက်သင်းအနက် ချယ်လ်ဆီး၊ စပါးအသင်းများက လေးဂိုးစီဖြင့် ပူးတွဲအဆင့် ၁၁ နေရာ၊ မန်ယူအသင်းက သုံးဂိုးဖြင့် ပူးတွဲ အဆင့် ၁၅ နေရာများ၌ ရပ်တည်ခဲ့ပြီး အာဆင်နယ်ကစားသမားများမှာမူ တစ်ဂိုးမှ မ သွင်းနိုင်ခဲ့ကြောင်း သိရသည်။

ဂိုးအများဆုံးကလပ်အသင်းများ

ဂျူဗင်တပ်စ်(ကစားသမား ၅ ဦး) ၁၂ ဂိုး
အင်တာမီလန်(ကစားသမား ၄ ဦး) ၈ ဂိုး
မန်စီးတီး(ကစားသမား ၅ ဦး) ၈ ဂိုး
အတ္တလန်တာ(ကစားသမား ၅ ဦး) ၇ ဂိုး
လိုက်ပ်ဇစ်(ကစားသမား ၂ ဦး) ၆ ဂိုး
PSG (ကစားသမား ၂ ဦး) ၅ ဂိုး
ရီးယဲလ်မက်ဒရစ် (ကစားသမား ၅ ဦး) ၅ ဂိုး
ဒေါ့မွန် (ကစားသမား ၄ ဦး) ၅ ဂိုး
လေဗာကူဆင် (ကစားသမား ၁ ဦး) ၅ ဂိုး
လီဗာပူးလ် (ကစားသမား ၃ ဦး) ၅ ဂိုး
(ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ချယ်လ်ဆီး၊ စပါးအသင်းများက ၄ ဂိုးစီ သွင်းယူခဲ့သည်။)

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular