မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နာ ဆိုးလ်ရှား က ရာသီသစ် မစတင်မီ အသင်းရဲ့ လူငယ် ကစားသမား အချို့ကို အငှားထုတ် သွားဖို့ ရှိနေကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။
ရာသီကြို ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမဲ့ တနင်္ဂနွေနေ့ မှာတော့ ရွန်းနီရဲ့ ဒါဘီကောင်တီ အသင်းနဲ့ ရင်ဆိုင်ကစား ရဖို့ ရှိနေ ပါတယ် ။ ဒီအတွက် ဆိုးလ်ရှားဟာ လူငယ် အများစု နဲ့ လေ့ကျင့်မှု လုပ်ဆောင် နေခဲ့ရ ပါတယ် ။
အဲ့ဒီထဲမှာတော့ ယူနိုက်တက်ရဲ့ အကယ်ဒမီထွက် ကစား သမားတွေ အများစု ရှိနေခဲ့ကြသလို စီနီယာ ကစားသမား အချို့ ၊ အငှား ကစားပြီး ပြန်လာတဲ့ ကစားသမား အချို့ နဲ့ ဒဏ်ရာမှ သက်သာလာတဲ့ ကစားသမား အချို့လည်း ပါဝင် နေခဲ့ကြ ပါတယ် ။
အခြားတဖက် မှာတော့ ယူနိုက်တက် တို့ဟာ အသင်းရဲ့ လူငယ် ကစားသမား အချို့ ဖြစ်ကြတဲ့ တာဟစ်ချောင် ၊ နသန် ဘစ်ရှော့ ၊ ရီစီ ဒဗိုင်း တို့ကို အငှားထုတ်ဖို့ ကြိုတင် သဘော တူညီမှု ရရှိသွားခဲ့ကြ ပါပြီ ။ အခုတော့ ဆိုးလ်ရှား က အငှားထုတ်ရေး နဲ့ ပတ်သက်လို့ …
” ရာသီသစ် မစတင်မီ ကျွန်တော်တို့ဟာ 6 ပါတ် အထိ အတူ ရှိနေခွင့် ပိုင်ဆိုင်ရပါ လိမ့်မယ် ။ ကျွန်တော်တို့ UK မှာပဲ ရက်သတ္တပါတ် အချို့ ရှိနေခွင့် ပိုင်ဆိုင် ရပါလိမ့်မယ် ။ ကျွန်တော်တို့ (ကိုဗစ်ကြောင့်) အခြား နိုင်ငံတွေကို သွားရောက်ခွင့် ကစားခွင့် ရနိုင်မလား ဆိုတာလဲ သေချာမှု မရှိသေးပါဘူး “
” ဘယ်လိုပဲ ဖြစ်နေပါစေ ၊ လူငယ်လေးတွေဟာ ဒါဘီနဲ့ ပွဲမှာတော့ ပွဲစဥ်ရဲ့ အစိတ်အပိုင်း အဖြစ် ပါဝင် နေကြမှာ အသေအချာ ပါပဲ ။ အဲ့တာပြီးရင် ကျွန်တော်တို့တွေဟာ နောက်ထပ် နှစ်ပွဲလောက် ကစားရပါဦးမယ် ။ အဲ့ဒီပွဲတွေမှာလည်း သူတို့တွေဟာ ပါဝင်ကြပါလိမ့်ဦးမယ် “
” သိပ်မကြာခင် ယူရို ကစားခဲ့ကြတဲ့ ကစားသမားတွေလည်း အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ကြပါတော့မယ် ။ အဲ့တာ မတိုင်ခင် လူငယ်တွေလည်း ပွဲကစားခွင့် တွေကို ပိုင်ဆိုင် ကြပါတော့မယ် ။ အဲ့တာပြီးရင် သြဂုတ် အစောပိုင်း လောက်မှာ လူငယ် အချို့လည်း အငှား ကစားရပါလိမ့်ဦးမယ် “
” ကျွန်တော်တို့ အခုထိ အချို့ကို အငှား ကစားခွင့် ပေးခဲ့ကြပြီး ပါပြီ ။ အချို့ကတော့ အငှား ကစားဖို့ ဆွေးနွေးနေကြဆဲပါ ။ အချို့ကတော့ ဘယ်နေရာဟာ သူတို့ အတွက် အသင့်တော်ဆုံး ဖြစ်မလဲဆိုတာ ကျွန်တော်တို့နဲ့ ဆွေးနွေး နေကြဆဲ ပါပဲ
” ရာသီကြိုဆိုတာ လန်းဆန်း တက်ကြွမှုနဲ့ အသစ် စတင်ခြင်း ပါပဲ ။ ရာသီသစ်ကို ပုံစံ အသစ်နဲ့ စတင်ဖို့ တက်ကြွစွာ စတင်ဖို့ အတွက် ဒါဟာ အကောင်းဆုံး အခွင့်အလမ်း ပိုင်ဆိုင်ခြင်း ပါပဲ ” လို့ ဆိုးလ်ရှားက ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။