ဆာရီသည် ၂၀၁၉-၂၀ ရာသီ တွင် ဂျူဗင်တပ်စ်အသင်းကိုကိုင်တွယ်ခဲ့စဉ်က စီရော်နယ်လ်ဒိုနှင့် လက်တွဲ ခဲ့ဖူးသည်။ ဆာရီသည် ယင်းရာသီတွင် ဂျူဗင်တပ်စ်အသင်းကို စီးရီးအေချန် ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင် ခဲ့သော်လည်း တစ်ခါတလေတွင် စီရော်နယ်လ်ဒိုအား ကိုင်တွယ်ရန်ခက် ခဲကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။
ထို့ ပြင် ဆာရီက စီရော်နယ်လ်ဒိုကဲ့သို့ က စားသမားများ၏ပုံရိပ်မှာ အသင်း၏ ပုံရိပ်ထက် ပိုကြီးကျယ်သည်ဟုလည်း Sportitalia နှင့်ပြုလုပ်သည့် အင် တာဗျူးတွင် ပြောကြားခဲ့သည်။
ဆာရီက “စီရော်နယ်လ်ဒိုက ကိုယ်တိုင်အကျိုးအမြတ်တွေ များစွာရနိုင်တဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အသင်း ရဲ့အကျိုးအတွက် လုပ်ဆောင်တဲ့အခါ ကစားသမားနဲ့ အသင်းအကြား ပွတ် တိုက်မှုတွေရှိပါတယ်။ ကျွန်တော်က နည်းပြတစ်ဦးသာဖြစ်ပြီး မန်နေဂျာမဟုတ်တာကြောင့် စီရော်နယ်လ်ဒိုလို ကစားသမားမျိုးကို ကိုင်တွယ်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ စီရော်နယ်လ်ဒိုကြောင့် ရရှိခဲ့တာတွေလည်း အများ ကြီးပါပဲ။ သူ့လိုအဆင့်အတန်းမျိုးကို ရောက်သွားပြီဆိုရင် သူတို့က အသင်းထက် ပိုကြီးကျယ်သွားပါပြီ”ဟု ပြောကြားခဲ့သည်။
ထို့ပြင် Sportitalia က စီရော်နယ်လ်ဒိုကို ရောင်းချခြင်းက ဂျူဗင်တပ်စ်အသင်းကို ပိုအကျိုးပြုနိုင်သလားဟု မေးမြန်းခဲ့ရာ ဆာရီက “ဒါက တော့ အသင်းရဲ့ လိုအပ်ချက်အပေါ် မူတည်ပါလိမ့်မယ်။ ကျွန်တော့်အမြင် ကတော့ ကစားသမား (၅)ဦး၊ (၆)ဦး ကို ရောင်းထုတ်တာထက် ကစားသမား (၁)ဦးကို လက်လွှတ်လိုက်တာ ပိုကောင်းပါတယ်”ဟု ဆိုခဲ့သည်။