spot_img

ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂)နှစ်တစ်ကြိမ် ပြုလုပ်မည့်အစီအစဉ်အား အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးထောက်ခံ

အာဆင်နယ်အသင်း၏ ဂန္ထဝင်နည်းပြဟောင်း အာစင်ဝင်းဂါးက ကမ္ဘာ့ဘောလုံးလောက၏ ပြက္ခဒိန်ကို လုံးဝပြောင်းလဲပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကို (၂)နှစ်တစ်ကြိမ် ကျင်းပမည့် အစီအစဉ်အား ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် လက်ရှိအချိန်တွင် အမျိုးသားနှင့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲများအား (၂)နှစ်တစ်ကြိမ်ကျင်းပမည့် အခြေအနေနှင့် ပတ်သက်သည့် ကောင်းကွက် ဆိုးကွက်များကို လေ့လာလျက် ရှိနေသည်။

myan789

ယင်းနှင့် ပတ်သက်ပြီး ဂျာမနီနာမည်ကြီး သတင်းစာတစ်စောင်ဖြစ်သည့် Kicker က အာစင်ဝင်းဂါး၏အမြင်ကို မေးမြန်းခဲ့ရာ ဝင်းဂါးက ”ရှုံးရင်ထွက်ရမယ့် ပွဲတွေကို ပိုထည့်၊ ခြေစစ်ပွဲအရေအတွက်ကို လျှော့ချ၊ ဒါက ပရိသတ်တွေ လိုချင်နေတဲ့အရာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်က အမြဲတမ်း ဘောလုံးပွဲအရေအတွက် လျှော့ချဖို့အတွက် ဆော်သြခဲ့သူပါ။ ဥပမာအားဖြင့် လီဝန်ဒေါစကီးရဲ့ အဖြစ်အပျက်ကိုပဲကြည့်။ သူက ပိုလန်အသင်းအတွက် ကစားရင်း အန်ဒိုရာနဲ့ ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တယ်။ ဒီဒဏ်ရာက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ချန်ပီယံလိဂ်အိပ်မက်ကို ဖျက်ဆီးပစ်လိုက်တယ်။ လက်ရွေးစင်အသင်းပွဲစဉ်တွေကို အောက်တိုဘာလမှာ တစ်လလုံးကစား၊ ပြီးရင် နောက်ဆုံးအဆုံးအဖြတ်ပြိုင်ပွဲကြီးကို ဇွန်လမှာ ကစား။ ဒါဆိုရင် လက်ရွေးစင်ပွဲအရေအတွက်ကို လျှော့ချနိုင်ပြီး ဒီအချက်က ကစားသမားတွေရဲ့ကြံ့ခိုင်မှုအတွက် အရေးကြီးသလို ကလပ်ပွဲစဉ်တွေ အရေးကြီးနေတဲ့အချိန်မှာ လက်ရွေးစင်ပွဲတွေ မရှိတော့ပါဘူး။ ဒီအတိုင်းသာဆိုရင် ကမ္ဘာ့ဖလားကို (၂)နှစ် တစ်ကြိမ် ကစားတာလည်း ဖြစ်နိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular