spot_img

ကိုပါအမေရိကပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဥရုဂွေး – ကိုလံဘီယာ (မြန်မာစံတော်ချိန် ဇူလိုင် ၄ ရက် နံနက် ၄:၃၀ နာရီ)
ကိုလံဘီယာအသင်းက အခုပုံအတိုင်းဆို နည်းပြသစ်လက်ထဲမှာ အခြေအနေသိပ်မကောင်းနိုင်လောက်ဘူး။ အတ္တလန်တာအသင်းမှာကစားနေတဲ့ မူရီယဲလ်၊ ဇာပါတာတို့က လက်ရွေးစင်အသင်းမှာ ဂိုးပေါက်ပျောက်နေတာက အံ့အားသင့်စရာကောင်းနေတယ်။ ဥရုဂွေးတိုက်စစ်က ကိုလံဘီယာနဲ့ယှဉ်ရင်တော့ လက်ရှိအနေအထားမှာ ပိုသာတာအမှန်ပဲ။ ဒါ့အပြင် ၀ါရင့်ကစားသမားတွေများလို့ အသင်းကပိုတည်ငြိမ်ကာ ထိန်းကျောင်းနိုင်စွမ်းလည်းရှိပါတယ်။ သာမန်ပွဲချိန်အတွင်း ရှုံးဖို့မရှိတဲ့ ဥရုဂွေးကိုပဲ ရွေးချယ်တာပိုကောင်းမယ်။

အာဂျင်တီးနား – အီကွေဒေါ (မြန်မာစံတော်ချိန် ဇူလိုင် ၄ ရက် နံနက် ၇:၃၀ နာရီ)
အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက အုပ်စုပွဲ(၄)ပွဲစလုံး Four Backs အထိုင်နဲ့ပဲ ကစားသွားခဲ့ပြီး ၄-၃-၃၊ ၄-၂-၃-၁ ကစားကွက်တွေကို အလျဉ်းသင့်သလို သုံးခဲ့ပါတယ်။ ဒီပွဲမှာတော့ ဘိုလစ်ဗီးယားနဲ့ပွဲထွက်စာရင်းကို အပြောင်းအလဲလုပ်ဖို့ရှိပြီး Lone Striker နေရာမှာ အဂွဲရိုးအစား လော်တာရိုမာတီနက်ဇ်ကို ပြန်သုံးလာနိုင်တဲ့အပြင် တောင်ပံမှာတော့ အန်ဟယ်ကော်ရီယာထက် ရုန်းအားပိုကောင်းတဲ့ ဒီမာရီယာကို ပိုနေရာပေးဖို့များပါတယ်။ အာဂျင်တီးနားအသင်းက နည်းပြဖြစ်သူရဲ့ စမ်းသပ်မှုတွေရှိပေမဲ့ အသင်းက တဖြည်းဖြည်းတည်ငြိမ်မှု ရလာသလို၊ ယုံကြည်မှုလည်း မြင့်လာနေတယ်။ ပြီးခဲ့တဲ့ ကိုပါအမေ ရိကပြိုင်ပွဲမှာ ဘရာဇီးလ်ကို အရေးနိမ့်ပြီးကတည်းက နိုင်ငံတကာပွဲ (၁၇)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့ Form က အသိအမှတ်ပြုစရာပါ။ အီကွေဒေါအသင်းက သရေပွဲတွေနဲ့ နောက်တစ်ဆင့်တက်ရောက်လာတဲ့အသင်းပါ။ အသင်းပွဲထွက်စာရင်းက တည် ငြိမ်နေပေမဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းကလို စွမ်းဆောင်ရည်မျိုး အီကွေဒေါအသင်းမှာ မတွေ့ရတော့ဘူး။ အာဂျင်တီးနားအသင်း ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရလိမ့်မယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular