spot_img

ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ဘရူနိုဖာနန်ဒက်စ်၏ စွမ်းဆောင်ရည် အချက်အလက်များ အံ့အားသင့်စရာကောင်းအောင် ဆိုးရွား

ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်၏ ယူရို-၂၀၂၀ ပြိုင်ပွဲအချက်အလက်မှတ်တမ်းမှာ အလွန်အံ့အားသင့်စရာကောင်းလောက်အောင် ဆိုးရွားခဲ့ကြောင်း ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်ရာသီက မန်ယူအသင်းတွင် ပြိုင်ပွဲစုံ (၂၈)ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု (၁၈)ကြိမ်ရှိခဲ့သည့် ဘရူနိုဖာနန်ဒက်စ်သည် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှုမရှိရုံသာမက သူ၏ ဘောလုံးပေးပို့မှု(ပေးပို့ရာတွင် တိကျမှု)မှာလည်း အလွန်ဆိုးရွားခဲ့ကြောင်း သိရသည်။

myan789

ယူရိုပြိုင်ပွဲတွင် သူ၏တိကျမှန်ကန်သော ဘောလုံးပေးပို့မှုမှာ တစ်ပွဲလျှင် ပျမ်းမျှ (၃၇) ကြိမ်ခန့်သာရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ရာသီက မန်ယူအသင်းတွင် သူ၏တိကျမှန်ကန်သော ဘောလုံးပေးပို့မှုမှာ တစ်ပွဲလျှင် ပျမ်းမျှ (၆၀)ကြိမ်အထက်ရှိကြောင်း သိရသည်။

ထို့ပြင် ယူရိုပြိုင်ပွဲတွင် ဘရူနိုဖာနန်ဒက်စ်သည် ဘောလုံးနှင့်အတူ ဆွဲပြေးသည့် Dribble အကြိမ်အရေအတွက် တစ်ကြိမ်မှမရှိခဲ့ကြောင်းလည်း The Sun က ဖော်ပြခဲ့သည်။

ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဘရူနိုဖာနန်ဒက်စ်သည် (၄)ပွဲပေါင်းမှ (၂၀၆)မိနစ်သာ ကစားခဲ့ရပြီး တစ်ပွဲပျမ်းမျှကစားချိန် (၅၁.၅)မိနစ်သာရှိခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular