spot_img

(၁၆)သင်းအဆင့်က လှည့်ပြန်ခဲ့ရတဲ့ ယူရိုချန်ပီယံ

ဘယ်လ်ဂျီယံ ၁-၀ ပေါ်တူဂီ

ပေါ်တူဂီက ယူရို-၂၀၂၀ ပွဲစဉ် (၄)ပွဲမှာ အကောင်းဆုံးပွဲကိုကစားခဲ့ပေမဲ့ ရှုံးပွဲနဲ့ပဲ ကျေနပ်လိုက်ရတယ်။ ဒုတိယပိုင်းမှာရခဲ့တဲ့ အခွင့်အရေးတချို့လွဲချော်ခဲ့တာက ပေါ်တူဂီအတွက် ရင်နာစရာဖြစ်ခဲ့ပြီး ဘယ်လ်ဂျီယံကိုတော့ ကံကောင်းစေခဲ့တယ်လို့ ဆိုရမယ်။ ဘယ်လ်ဂျီယံကတော့ ဒီအဆင့်ကိုကျော်ပြီးတက်သွားခဲ့ပေမဲ့ ဟာဇက်၊ ဒီဘရိုင်းနားတို့သာ မကစားနိုင်ရင် အီတလီကို ရင်ဆိုင်ဖို့အတွက် အခက်အခဲဖြစ်မယ့် အနေအထားလည်းဖြစ်တယ်။ ဘယ်လ်ဂျီယံအသင်းရဲ့ အဓိကတိုက်စစ်မှူး လူကာကူရော၊ ပေါ်တူဂီအသင်းရဲ့ အဓိကတိုက်စစ်မှူး စီရော်နယ်လ်ဒိုရော သူတို့အသင်းတွေရဲ့တိုက်စစ်မှာ ကောင်းကောင်းကစားပြနိုင်ခဲ့တယ်။ နှစ်ဦးစလုံးက တိုက်စစ်ကို အသက်ဝင်အောင် လှုပ်ရှားပေးနိုင်တယ်။ နှစ်ဦးစလုံးက အာရုံစိုက်၊ လူကပ်ခံရသူတွေဖြစ်လို့ အခွင့်အရေးရဖို့ ခက်ခဲပေမဲ့ သူတို့ကြောင့် အသင်းဖော်တွေ ကစားပေါက်ချောင်ခဲ့တာကိုတွေ့ရတယ်။

myan789

ပေါ်တူဂီအသင်းမှာ ဂျိုတာက အခွင့်အရေးကောင်းတချို့ကို ဖြုန်းတီးခဲ့ပြီး ဘယ်လ်ဂျီယံကတော့ သော်ဂန်ဟာဇက်ရဲ့လှပတဲ့ အဝေးကန်ချက်နဲ့ ဂိုးသွင်းခဲ့လို့ ဒီအချက်ကပဲ ပွဲအဖြေဖြစ်ခဲ့ခြင်းဖြစ်တယ်။ ပေါ်တူဂီအသင်းရဲ့ စုစုပေါင်းကန်ချက်က (၂၃)ကြိမ် တောင်ရှိခဲ့ပြီး ဒီအရေအတွက်က ယူရို-၂၀၂၀ ပြိုင်ပွဲတစ်ခုလုံးမှာ ပွဲစဉ်တစ်ပွဲချင်းအနေနဲ့ အကြိမ်အများဆုံး ကန်သွင်းခွင့်အရေအတွက်လည်း ဖြစ်တယ်။ ဒါပေမဲ့ အပိုင်အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့တော့ ခက်ခဲပြီး အပိုင်အခွင့်အရေးရခဲ့တာလည်း ဂျိုတာပဲ ရှိတယ်။ စီရော်နယ်လ်ဒိုရဲ့ ဖရီးကစ်၊ ဂယ်ဟေရိုရဲ့ ကန်ချက်တိုင်ထိတာ၊ ရူဘင်ဒီယက်စ်ရဲ့ခေါင်းတိုက်ချက် ဂိုးသမားတည့်တည့်သွားတာတွေကလည်း ပေါ်တူဂီကို နစ်နာစေခဲ့ပါတယ်။ အလားတူပဲ ဘယ်လ်ဂျီယံဟာ ဒီပွဲကို ဘယ်လောက်ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရသလဲဆိုတာကို ပြသခဲ့တဲ့ ကန်သွင်းခွင့်အရေအတွက်လည်းဖြစ်တယ်။

နောက်ဆုံးမှာတော့ ဘယ်လ်ဂျီယံအသင်းဟာ ပထမပိုင်းပြီးခါနီးမှာ သော်ဂန်ဟာဇက် ကန်သွင်းတဲ့ တစ်လုံးတည်းသောဂိုးကို ထိန်းနိုင်ခဲ့ပြီး အဖိုးတန်နိုင်ပွဲ ရယူနိုင်ခဲ့တယ်။ ဒီဂိုးမှာ သော်ဂန်ဟာဇက်ရဲ့ကန်ချက်က တော်တော်လေးကောင်းခဲ့ တယ်ဆိုရင်တောင် ပေါ်တူဂီအသင်းဂိုးသမား ပတ်ထရီစီယိုအနေနဲ့ ဒီထက်ပိုကောင်းအောင် ကာကွယ်နိုင်ခဲ့သင့်တယ်လို့လည်း ပြောရမယ်။ ကန်တဲ့နေရာ၊ ဘောလုံးသွားတဲ့လမ်းကြောင်းနဲ့၊ ကန်သွင်းတဲ့ ပုံစံတွေနဲ့ ပတ်ထရီစီယို နေရာယူထားတဲ့ အခြေအနေကိုကြည့်ရင် ဒီဂိုးက ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သင့်ပေမဲ့ အနည်းငယ်နှေးကွေးတဲ့ လှုပ်ရှားမှုကပဲ သွင်းဂိုးတစ်ဂိုးခွင့်ပြုပေးလိုက်ရတာဖြစ်တယ်။ ဒီဘရိုင်းနားရဲ့ဒဏ်ရာက ပြင်းထန်ပုံရလို့ ကွာတားပွဲလွဲဖို့များပြီး ဟာဇက်ကတော့ လိုအပ်လို့ လဲလိုက်တာဖြစ်ဖို့ များပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular