spot_img

တိုကျိုအိုလံပစ်ပြိုင်ပွဲ၏ အားကစားနည်း (၉) မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် မြန်မာနိုင်ငံ လျှောက်ထား

ဂျပန်နိုင်ငံ$ကျင်းပမည့် ၂၀၂၀ တိုကျိုအိုလံပစ် ပြိုင်ပွဲ၏ အားကစားနည်း(၉)မျိုးတွင် ဝင်ရောက်ယှဉ် ပြိုင်ခွင့်ရရန် မြန်မာနိုင်ငံက လျှောက်ထားကြောင်း သိရသည်။

အိုလံပစ်ပြိုင်ပွဲတွင်ပါဝင်မည့် အားကစားနည်း အများစုမှာ လက်ရည်စစ်ပွဲ သို့မဟုတ် ခြေစစ်ပွဲ အောင်မြင်မှသာ ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရသည့် အားကစားနည်း အနည်းငယ်သာ ရှိကြောင်း သိရသည်။ သို့သော် သက်ဆိုင်ရာနိုင်ငံများ၏ အိုလံပစ်ကော်မတီမှတစ်ဆင့် နိုင်ငံတကာအိုလံပစ် ကော်မတီ (IOC) ထံ လျှောက်ထားပါက အားကစားနည်းအချို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၉)မျိုးတွင် ယှဉ်ပြိုင်ခွင့်ရရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

myan789

မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထား သည့်အားကစားနည်းများတွင် လက်ရည်စစ်ပွဲအောင်မြင်ရန် သေချာသလောက်ရှိနေသည့် ကြက်တောင် အားကစားနည်းလည်း ပါဝင်နေပြီး လက်ရည်စစ်ပွဲ အောင်မြင်ခဲ့ပါက ကျန်အားကစားနည်း (၈)မျိုးအတွက် အကြောင်းပြန်မှုကိုသာ စောင့်ကြည့်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံက လျှောက်ထားသည့် အားကစားနည်းများမှာ ကြက်တောင်၊ ရေကူး၊ ပြေးခုန်ပစ်၊ မြားပစ်၊ သေနတ်ပစ်၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ကရာတေး၊ အလေးမ တို့ဖြစ်ပြီး ရေကူးနှင့် ပြေးခုန်ပစ်အားကစားနည်းမှာ သက်ဆိုင်ရာ ကမ္ဘာ့အဖွဲ့ချုပ်များက တစ်နိုင်ငံလျှင် တစ်ဦး အနည်းဆုံးယှဉ်ပြိုင်ခွင့်ပြုသောကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အားကစားနည်းတစ်မျိုးတွင် တစ်ဦးယှဉ်ပြိုင်ခွင့်ရရန် လျှောက်ထားခြင်းဖြစ်ပြီး မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ မှာမူ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ဇွန် (၁၅) ရက်တွင် နောက်ဆုံးထုတ်ပြန်သည့် အိုလံပစ်ဝင်ခွင့်အတွက် အဆင့်သတ်မှတ်ချက်စာရင်းတွင် အဆင့်(၂၉) နေရာရရှိခဲ့သောကြောင့် ဝင်ခွင့်ရရန် သေချာသလောက်ရှိနေကာ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီထံ တရားဝင်အကြောင်းကြားစာပေးပို့ရန် သာ ကျန်ရှိတော့သည်။

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအခြေအနေကြောင့် ယခုနှစ်သို့ ရွှေ့ဆိုင်း ထားခြင်းဖြစ်ပြီး ဇူလိုင် (၂၃) ရက်မှ သြဂုတ် (၈) ရက် အထိ ပြန်လည်ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အားကစားနည်း (၃၃) မျိုးမှ ပြိုင်ပွဲအမျိုးအစားစုစုပေါင်း (၃၃၉)မျိုးထည့်သွင်းကျင်းပရန် စီစဉ်ထားပြီး ဂျပန် နိုင်ငံအနေဖြင့် ပြိုင်ပွဲအား သတ်မှတ်ရက်အတိုင်း ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲ တွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၅) မျိုး၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

မြားပစ်၊ သေနတ်ပစ်နှင့် ဂျူဒိုအားကစားနည်းများတွင် လက်ရည်စစ်ပွဲအောင် မြင်သဖြင့် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ရေကူးနှင့်ပြေးခုန်ပစ်အား ကစားနည်းတွင်မူ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ မြန်မာမြားပစ်အားကစားမယ် စန်းယုထွေးနှင့် ဂျူဒိုအားကစားသမား ရန်နိုင်စိုးတို့မှာ (၁၆) ဦး ရှုံးထွက်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး ပြေးခုန်ပစ် အားကစားသမားများဖြစ်သည့် ဆန်းနိုင်နှင့် ဆွေလီ မြင့်၊ ရေကူးအားကစားသမားများဖြစ်သည့် သင့်မြတ် နှင့် အိအိသက်၊ သေနတ်ပစ်အားကစားသမား ရဲထွန်း နောင်တို့မှာမူ Heat အဆင့်မှ ထွက်ခဲ့ရသည်။

မြန်မာအားကစားသမားများအနေဖြင့် နောက် ဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နှစ်ခွဲကျော်ကြာ နိုင်ငံတကာအားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ရခြင်းမရှိကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular