အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် ပါရာဂွေးအသင်းအား (၁-၀) ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် ပါဝင်ကစားခဲ့ပြီးေနာက် ကွင်းလယ်လူဟောင်း မာရှေရာနို တင်ရှိထားသည့် နိုင်ငံလက်ရွေးစင်အသင်း၏ နိုင်ငံတကာပွဲအများဆုံးစံချိန်ကို လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။
ယင်းပွဲတွင် အာဂျင်တီးနားအသင်းသည် ပွဲအစ ၁၀ မိနစ်၌ တောင်ပံတိုက်စစ်ကစားသမား ပါပူဂိုးမက်ဇ်သွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့ပြီး သုံးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
မက်ဆီသည် ၂၀၀၅ ခုနှစ်ကတည်းက အာဂျင်တီးနားလက်ရွေးစင်အသင်းတွင် ပွဲ ဦးထွက်ခဲ့ပြီး လက်ရွေးစင်လူငယ်အသင်းများ၌ အောင်မြင်မှုများရရှိခဲ့သော်လည်း အသင်း ကြီးတွင်မူ အဓိကဆုဖလား တစ်ကြိမ်မျှမရရှိ သေးကြောင်း သိရသည်။
လာမည့် ဇွန်လ ၂၄ ရက်တွင် အသက် ၃၄ နှစ်ပြည့်တော့မည့် မက်ဆီသည် နိုင်ငံအသင်းတွင် သွင်းဂိုး ၇၃ ဂိုးဖြင့် ဂိုးသွင်းအများဆုံးစံချိန်ကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။