spot_img

ချက်နဲ့ ပွဲစဉ်အတွက် အင်္ဂလန်ရဲ့ ပွဲထွက်လူစာရင်းကို ခန့်မှန်းရွေးချယ်ခဲ့ရာမှာ ဟယ်ရီကိန်းကို ချန်လှပ်ခဲ့တဲ့ ကာရေဂါ

ဂျေမီကာရေဂါက ယနေ့ည ချက်နဲ့ ကစားရမယ့် အင်္ဂလန်ရဲ့ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ဂါရက်ဆောက်ဂိတ် အနေနဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ပွဲထွက် ကစားသမား စာရင်း ကနေ ချန်လှပ်ထားဖို့ လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။ The Three Lions တို့ဟာ ၀င်ဘာလေမှာ ချက်ကို လက်ခံယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး ဒီပွဲကို အနိုင်ရပါက အုပ်စုဗိုလ် အဖြစ်နဲ့ နောက်တဆင့်ကို တက်ရောက်မှာ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ လက်ရှိ ယူရို ပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခြင်း မရှိဘဲ ခရိုအေးရှားကို ပွတ်ကာသီကာ အနိုင်ယူခဲ့တဲ့ အပြင် စကော့တလန်နဲ့ ပွဲစဉ်မှာလည်း ကံကောင်းလို့သာ သရေတစ်မှတ် ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အင်္ဂလန်ဟာ ထိပ်တန်း တိုက်စစ် ကစားသမားတွေ အများအပြား ပိုင်ဆိုင်ထားပေမယ့်လည်း အချင်းချင်း တွဲဖက်မှု ၊ ရစ်သမ်တွေ ပျောက်ဆုံးနေခဲ့ကာ ပြိုင်ဘက် ခံစစ်တွေ အတွက် ဖိအား သိပ်မရှိခဲ့ပါဘူး။

myan789

အထူးသဖြင့် တိုက်စစ်မှုး ဟယ်ရီကိန်းရဲ့ လေးလံထိုင်းမှိုင်းတဲ့ ခြေစွမ်းဟာ ဝေဖန်မှုတွေ အများအပြား ခံနေရပြီး လာမည့် ပွဲတွေမှာ ၎င်းကို ပွဲထွက် ကစားသမား စာရင်းကနေ ချန်လှပ်ထားရန် တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ ကာရေဂါ ကတော့ တော့တင်ဟမ် စတားဟာ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေဟန် ရှိတာကြောင့် ချက်နဲ့ ပွဲမှာ ဆောက်ဂိတ် အနေနဲ့ ဒိုမီနစ် ကလာဗန်လီ၀န်ကို ပွဲထွက်ခွင့် ပေးသင့်တယ်လို့ ယူဆ နေပါတယ်။

ကာရေဂါ က “ဂျက်ဂရီလစ်ခ်ျရဲ့ အချိန်ဟာ ရောက်ရှိ လာခဲ့ပါပြီ။ ကျွန်တော့် အနေနဲ့ ညာခြမ်း တိုက်စစ် နေရာ အတွက် ဖီးလ်ဖိုဒန် နဲ့ မေဆင်မောင့် တို့ကြား လွန်ဆွဲနေရပါတယ်။ ဒါပေမယ့် ကျွန်တော် မောင့်ကိုပဲ အသုံးပြု သွားမှာပါ။ စတားလင်း ကတော့ ပွဲထွက်ခွင့် ထပ်ရအုံးမှာပါ။ အင်္ဂလန် အနေနဲ့ သူ့ရဲ့ မြန်နှုန်းမြင့် ကစားဟန်ကို လိုအပ်ပါတယ်။ ဒါပေမယ့် သူ့ကို ဘယ်ခြမ်း ကနေ ညာခြမ်း တိုက်စစ်ကို ပြောင်းကစားစေတာ ကတော့ ကောင်းမွန်တဲ့ အရာ မဟုတ်ပါဘူး။

ဂျေဒွန်ဆန်ချိုကို ပွဲထွက်ခွင့် ပေးဖို့ အတွက် ဝိုင်း၀န်း တောင်းဆို နေကြတာကို ကျွန်တော် နားလည်လို့ မရပါဘူး။ ဘယ်သူ့ အတွက်လဲ? တစ်နိုင်ငံလုံးဟာ ဂရီလစ်ခ်ျ ကိုလည်း ပွဲထွက်ခွင့် ပေးဖို့ တောင်းဆို နေကြပါတယ်။ စတားလင်းဟာ အင်္ဂလန် အတွက် အစွမ်းကုန် ပေးဆပ် ကစားထားခဲ့တာကြောင့် ဆောက်ဂိတ် အနေနဲ့ သူ့ကို ဘယ်လို လုပ်ပြီး ချန်လှပ်ထားလို့ ရပမလဲ? စတားလင်းဟာ ဆောက်ဂိတ်ရဲ့ လက်ထက်မှာ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ခဲ့တယ် ဆိုတာ အငြင်းပွားစရာ မရှိပါဘူး။” လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး စကိုင်းစပေါ့ရဲ့ အစီအစဉ် တင်ဆက်သူက ကွင်းလယ် ခံစစ်မှာ ဒန်ကလန်ရိုက်စ်နဲ့ အတူ ဂျော်ဒန်ဟန်ဒါဆန်ကို တွဲဖက် ကစားစေရန် ဆန္ဒ ရှိနေပါတယ်။ ဒါပေမယ့်လည်း ကယ်ဗင်ဖီးလစ်ပဲ ဆက်ပြီး ပွဲထွက်ခွင့် ရနိုင်ခြေ ရှိတယ် ဆိုတာ မငြင်းခဲ့ပါဘူး။ ဟယ်ရီမက်ဂွိုင်းယားဟာ ဒီယူရိုမှာ အင်္ဂလန် အတွက် လုံး၀ ပါ၀င် ကစားထားခဲ့ခြင်း မရှိသေးပေမယ့် ကာရေဂါက ချက်နဲ့ ပွဲစဉ်မှာ မန်ယူနိုက်တက် နောက်ခံလူကို အသုံးပြုသွားရမယ့် အချိန်ကောင်း ဖြစ်တယ်လို့ ထောက်ခံလိုက်ပါတယ်။

ကာရေဂါက “လက်ကျန် ပြိုင်ပွဲ အတွက် အရှိန်အဟုန် ရစေဖို့ အတွက် ချက်နဲ့ ပွဲစဉ်မှာ ဟယ်ရီမက်ဂွိုင်းယားကို အသုံးပြုတာဟာ အဓိပ္ပာယ် ရှိပါတယ်။ စကော့တလန်နဲ့ ပွဲမှာ ကိုင်းဝေါ်ကာရဲ့ အတွေ့အကြုံကို လိုအပ်ခဲ့ပါတယ်။ ဂျိမ်းစ်ဟာ သူ့ကို ကျော်ပြီး ပွဲထွက်ခွင့် ရအောင် လုပ်နိုင်ခဲ့တယ်လို့ ကျွန်တော် မထင်မိပါဘူး။ ကီရန်ထရစ်ပီးယားဟာ ခရိုအေးရှားနဲ့ ပွဲမှာ ဘယ်နောက်ခံလူ နေရာ ကစားခဲ့ပေမယ့်လည်း အင်္ဂလန်ဟာ ချက်နဲ့ ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ပိုများမယ် ဆိုတာ သေချာတာကြောင့် လူ့ရှောကိုပဲ ဆက်လက် အသုံးပြုသင့်ပါတယ်။

ချက်နဲ့ ပွဲစဉ် အတွက် ကာရေဂါရဲ့ အင်္ဂလန် ပွဲထွက်လူစာရင်း : ပစ်ဖို့ဒ် ၊ ဝေါ်ကာ ၊ စတုန်း ၊ မက်ဂွိုင်းယား ၊ ရှော ၊ ရိုက်စ် ၊ ဟန်ဒါဆန် ၊ ဂရီလစ်ခ်ျ ၊ စတားလင်း ၊ မောင့် ၊ ကလာဗန်လီ၀န်

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular