spot_img

စကော့တလန်နှင့်ပွဲတွင် ပါဝင်ကစားရန် ကြံ့ခိုင်မှုပြည့်ဝနေပြီဟု အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းရား အခိုင်အမာပြောကြား

အင်္ဂလန်အသင်းနောက်ခံလူ မက်ဂွိုင်းရားက မိမိအနေဖြင့် ဇွန်လ (၁၈)ရက် စကော့တလန်အသင်းနှင့် ကစားမည့်ပွဲတွင် ပါဝင်ကစားရန်ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၈)နှစ်အရွယ်ရှိ မန်ယူနောက်ခံလူ မက်ဂွိုင်းရားသည် မေလ (၉)ရက်က ကစားခဲ့သည့် အက်စတွန်ဗီလာအသင်းနှင့်ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ယင်းကတည်းက ပွဲကစားနိုင်ခြင်းမရှိသေးပေ။

myan789

သို့သော် အင်္ဂလန်နည်းပြ ဆောက်ဂိတ်သည် မက်ဂွိုင်းရားကို ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ရွေးချယ်ခဲ့သည်။

မက်ဂွိုင်းရားသည် အင်္ဂလန်အသင်းနှင့် လေ့ကျင့်မှု (၆)ကြိမ်သာ ပြုလုပ်နိုင်သေးပြီး ရှုံးထွက်အဆင့်တွင်မှ စတင်ကစားနိုင်မည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်ခဲ့ကြသည်။

သို့သော် မက်ဂွိုင်းရားက ”ကျွန်တော် ကြံ့ခိုင်မှုပြည့်ဝနေပြီး ပွဲလည်း အရမ်းကစားချင်နေပါပြီ။ ခြေချင်းဝတ်ဒဏ်ရာ ကောင်းသွားပြီဖြစ်သလို၊ ကြံ့ခိုင်မှုပြည့်ဝနေပြီလို့လည်း ခံစားရပါတယ်။ ကျွန်တော့်အနေနဲ့ ကိုယ့်ရဲ့ကြံ့ခိုင်မှုကို အားရကျေနပ်မှုရှိပြီး စကော့တလန်နဲ့ပွဲမှာ ကျွန်တော် ပါဝင်ကစားနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular