spot_img

ကိုပါအမေရိကပြိုင်ပွဲ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဘရာဇီးလ် နှင့် ပီရူး (မြန်မာစံတော်ချိန် ဇွန်လ ၁၈ ရက် နံနက် ၆း၃၀ နာရီ)
ပြီးခဲ့တဲ့ ကိုပါအမေရိက ဗိုလ်လုပွဲမှာတွေ့ဆုံခဲ့တဲ့ အသင်း(၂)သင်း ပြန်လည်တွေ့ဆုံမှုက စိတ်ဝင်စားစရာကောင်းနေပေမဲ့ အခြေအနေချင်းက အတော်လေးခြားနားနေတယ်။ ပီရူးအသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရှုံးပွဲဆက်မှုကို ရပ်တန့်ပြီး နိုင်ပွဲစတွေ့ထားပေမဲ့ အသင်းရဲ့အင်အားကတော့ အရင်ကလောက် မတောင့်တင်းတော့ဘူး။ ဒီလိုအခြေအနေမှာ အဖက်ဖက်ကသာပြီး တောင်အမေရိကမှာ ပြိုင်ဘက်ကင်းသလိုဖြစ်လာနေတဲ့ ဘရာဇီးလ်ကို ဒုက္ခပေးနိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေအတော်နည်းပါတယ်။ ဘရာဇီးလ်ဘက်ကပဲ ရပ်တည်သင့်တယ်။

ကိုလံဘီယာ နှင့် ဗင်နီဇွဲလား (မြန်မာစံတော်ချိန် ဇွန်လ ၁၈ ရက် နံနက် ၃း၃၀ နာရီ)
နည်းပြသစ်လက်ထက်မှာ ကိုလံဘီယာအသင်း ဘာတွေ ပြောင်းလဲမလဲ စောင့်ကြည့်ရမယ့်အချိန်ဖြစ်ပြီး သေချာတာကတော့ အရင်လိုစုစည်းမှုမျိုး ပြန်ရလာဖို့များတယ်။ ဗင်နီဇွဲလားအသင်း ဖျက်မြင်းလုပ်နိုင်စွမ်းရှိပေမဲ့ ခြေစွမ်းအတက်အကျများလို့ မှန်းဆရအတော်ခက်ခဲတဲ့အနေအထားပါ။ ကိုလံဘီယာကိုပဲ ရွေးတာပိုကောင်းမယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular