ယမန်နေ့ ညက ကစား ခဲ့တဲ့ ပေါ်တူဂီ – ဟန်ဂေရီ ပွဲစဉ် အပြီး မှာတော့ ၁၉၈၄ က မစ်ချယ် ပလာတီနီ ရဲ့ ယူရို ပြိုင်ပွဲ သမိုင်း တစ်လျောက် ဂိုးသွင်း အများဆုံး စံချိန် ဟာ ပိုင်ရှင်သစ် ဆီ ရောက်ရှိ သွားခဲ့ ပါပြီ ။ ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ မိနစ် ၈၀ နောက်ပိုင်း သွင်းဂိုး ၂ ဂိုး နဲ့ ပလာတီနီ ကို ကျော်ဖြတ် ကာ စံချိန်သစ် စိုက်ထူ သွားနိုင် ခဲ့တာပဲ ဖြစ်ပါတယ် ။
ရိုနယ်ဒို ဟာ ပြိုင်ပွဲ မကစားခင် ကတည်းက သွင်းဂိုး ၉ ဂိုး နဲ့ ပလာတီနီ နဲ့ အတူ ရပ်တည် နေခဲ့တာ ဖြစ်ပြီး ဟန်ဂေရီ နဲ့ ပွဲမှာ ၂ ဂိုး သွင်းယူ အပြီး မှာတော့ စံချိန်သစ် စိုက်ထူ နိုင်သူ ဖြစ်လာခဲ့ ပါတယ် ။ ရိုနယ်ဒို ဟာ ပင်နယ်တီ ကနေ ပထမ ဂိုး သွင်းယူ နိုင်ခဲ့သလို နောက်တစ်ဂိုး ကိုလည်း အသင်းဖော်နဲ့ ချိတ်ဆက် ကာ လှလှပပ သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ် ။
ဒါဟာ ရိုနယ်ဒို အတွက်တော့ ဒီနှစ် ပြိုင်ပွဲ အတွက် ဒုတိယ မြောက် စံချိန် စိုက်ထူမှု ဖြစ်စေခဲ့ ပါတယ် ။ ရိုနယ်ဒို ဟာ ၂၀၀၄ ခုနှစ် ပြိုင်ပွဲ မှာ ယူရို နဲ့ စတင် ထိတွေ့ ခဲ့သူ ဖြစ်ပြီး ဒီကနေ့ အထိ ကျင်းပ ခဲ့သမျှ ယူရို တိုင်းမှာ ပါဝင် ကစားခဲ့ ပါတယ် ။
ဒါကြောင့် ယမန်နေ့ညက ပွဲကစားဖို့ ကွင်းထဲကို စတင် ခြေချလိုက်ချိန် မှာပဲ ရိုနယ်ဒို ဟာ ယူရို ပြိုင်ပွဲ သမိုင်း တစ်လျောက် ပြိုင်ပွဲ ၅ ကြိမ် ကစားဖူးတဲ့ ပထမဆုံး ကစား သမားဆိုတဲ့ စံချိန်ကို ရယူ သွားနိုင်ခဲ့ ပါတယ် ။ ရိုနယ်ဒို ဟာ ၂၀၀၄ ၊ ၂၀၀၈ ၊ ၂၀၁၂ ၊ ၂၀၁၆ နဲ့ ယခု ၂၀၂၀ ပြိုင်ပွဲတွေကို ပါဝင် ကစားခဲ့ပြီး ဗိုလ်လုပွဲ ၁ ကြိမ် ၊ ဆီမီး ဖိုင်နယ် ၁ ကြိမ် နဲ့ ချန်ပီယံ ဆု ၁ ကြိမ်စီ ရယူ ထားနိုင်ခဲ့ ပါတယ် ။
ယူရို ၂၀၂၀ ရဲ့ အုပ်စု ပထမ ပွဲစဉ်တွေဟာ မနေ့ညက ပြီးဆုံး သွားခဲ့ ပါတယ် ။ အဲ့ဒိ အချိန် မှာတော့ ရိုနယ်ဒို ဟာ ရွှေဖိနပ်ဆု အတွက် ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူ ၊ ချက် တိုက်စစ်မှူး ပက်ထရစ်ရှစ် တို့ နဲ့ အတူ ပူးတွဲ ရပ်တည်နေပြီး လာမယ့် ပွဲစဉ်တွေ မှာတော့ ပြင်သစ် ၊ ဂျာမနီ တို့နဲ့ ကစားရမှာ ဖြစ်တာကြောင့် ပိုမို ကြိုးစား ရတော့မှာ ဖြစ်ပါတယ် ။
ရိုနယ်ဒို ဟာ အထက်က စံချိန်သစ် ၂ ခု အပြင် အခြားသော မှတ်တမ်းကောင်းတွေ ကိုလည်း ရရှိ ခဲ့ ပါတယ် ။ ယမန်နေ့ ညက ဂိုးသွင်း အပြီးမှာ ရိုနယ်ဒို ဟာ ၃၆ နှစ် ၊ ၁၃၀ ရက် နဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ အဓိက ပြိုင်ပွဲ သမိုင်းမှာ အသက်အကြီးဆုံး ဂိုးသွင်းရှင် ဖြစ်လာခဲ့ ပါတယ် ။ အရင်က ဒီစံချိန် ကို အသင်းဖော် ပီပီ က ၂၀၁၈ ကမ္ဘာ့ဖလားမှာ ရယူ ထားခဲ့ တာပါ ။
ဒါ့အပြင် ရိုနယ်ဒို ဟာ ယူရို ပြိုင်ပွဲ မှာ ၂ ဂိုး အနည်းဆုံး သွင်းနိုင်တဲ့ အသက်အကြီးဆုံး ကစား သမား အဖြစ် ယူကရိန်း တိုက်စစ်မှူးဟောင်း ရှက်ဗ်ချန်ကို ရဲ့ ၃၅ နှစ် ၂၅၆ ရက် စံချိန်ကိုလည်း ကျော်ဖြတ် သွားနိုင်ခဲ့ ပါတယ် ။ ရိုနယ်ဒို ဟာ လက်ရှိ မှာ လက်ရွေးစင် အသင်း သွင်းဂိုး ၁၀၆ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ကာ ထာဝရ ဂိုးသွင်း ဘုရင် အဖြစ် ရပ်တည် နေတဲ့ အလီဒါယီ ရဲ့ စံချိန် နဲ့ ၃ ဂိုး အကွာကို ရောက်ရှိ လာခဲ့ပြီလည်း ဖြစ် ပါတယ် ။