spot_img

ယူနိုက်တက် ကစားသမား ဘဝက ဒီပေးအပေါ် အပေါင်း လက္ခဏာဆောင်တဲ့ သက်ရောက်မှု ဖြစ်စေခဲ့ကြောင်း ဖွင့်ပြောလိုက်တဲ့ ဒီလစ်

ယ်သာလန် လက်ရွေးစင် အသင်းရဲ့ ဗဟို ခံစစ်မှူး ဖြစ်သူ မက်သီးယပ် ဒီလစ်က ဒီပေးရဲ့ ယူနိုက်တက် ကစား သမားဘဝ အတွေ့အကြုံတွေက သူ့ကို အခုလို ပိုကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်စေနိုင်ခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ဖစ် ဒီပေးဟာ လက်ရှိ အချိန်မှာ နယ်သာလန် လက်ရွေးးစင် အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦး အဖြစ် ရှိနေသူ ဖြစ်ပြီး စျေးကွက်ထဲမှာ ဘာစီလိုနာ ၊ PSG အသင်း တွေရဲ့ စိတ်ဝင်စားမှု တွေကို ရရှိနေတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ် ။

myan789

သူဟာ ယခင်တုန်းက ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းမှာ 18 လကြာ နေခဲ့ဖူးသူ ဖြစ်ပြီး ကစားခွင့် ရရှိခဲ့တဲ့ ပွဲစဥ် 33 ပွဲမှာ 2 ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ အတွက် ဝေဖန်မှုတွေကို ခံနေခဲ့ရသူ တစ်ဦးပဲ ဖြစ်ခဲ့ရ ပါတယ် ။ အဆိုပါ အချိန်က ဖက်ရှင် ဦးစားပေးတဲ့ နယ်သာလန်သားဟာ စီနီယာ တိုက်စစ်မှူး ရွန်းနီရဲ့ အပြစ်တင်မှုကိုလည်း ခံခဲ့ရပါသေးတယ် ။

အခုတော့ သူဟာ အသက်အရွယ်ငယ်တဲ့ နယ်သာလန် လက်ရွေးစင် အသင်းအတွက် အဓိက ကစားသမား တစ်ဦး ဖြစ်နေခဲ့ပါပြီ ။ ထို့အတူ ဗဟို ခံစစ်မှူး ဒီလစ်ကလည်း တိုက်စစ်မှူး ဖြစ်သူ အပေါ် ချီးကျူး စကားတွေ ဆိုသွားခဲ့လိုက် ပါတယ် ။

” မန်ဖစ်ဟာ သူ့ရဲ့ ကစားသမား ဘဝမှာ အတွေ့အကြုံတွေ အများကြီး ရရှိထားခဲ့ပါပြီ ။ ဟော်လန်တို့ တတိယ ရရှိခဲ့ကြတဲ့ 2014 ကမ္ဘာ ဖလား က သူ့ရဲ့ အပေါ်မှာတော့ သက်ရောက်မှု အရမ်းကို ကြီးမားခဲ့ ပါတယ် ။ ဒါ့အပြင် သူဟာ မန်ချက်စတာ ယူနိုက်တက်လို အသင်း အတွက် ကစားပေးခဲ့တာကိုလည်း လူတွေ မေ့လျော့နေပုံ ပါပဲ ”

” အဲ့ဒီမှာ ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်နိုင်ဖို့ ဘာတွေကို လိုအပ်သလဲ ဆိုတာ သူ လေ့လာ သင်ယူ နိုင်ခဲ့တယ်လေ ။ အခုတော့ သူ့ရဲ့အတွေ့အကြုံတွေကို အသင်းမှာ ရှိကြတဲ့ လူငယ်ကစားသမားတွေဆီ ဒီပေးဟာ ပြန်ပြီး ဖြန့်ဝေ ပေးနေခဲ့ပါပြီ ”

” အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာဆိုရင် ‘ ဟျောင့်တွေ ၊ လုပ်ကြစမ်းပါ ၊ ဒါကမှ တစ်ကယ့် ထိပ်တန်း အဆင့်ကို ပြရမယ့် နေရာ ၊ အခိုက်အတန့်ပဲ ။ မင်းတို့ ငါတို့ လိုချင် နေကြတာ ဒီလို အခိုက်အတန့်ပဲ ‘ ဆိုကြီး လူငယ်တွေကို စိတ်ဓါတ် တက်ကြွအောင် လှုံ့ဆော် ပေးနေခဲ့ ပါတယ် ”

” သူ့ကို အသင်းမှာ ပိုင်ဆိုင်ထားရတာက ခမ်းနားလှ ပါတယ် ။ သူ့ရဲ့ အရည်အသွေးတွေကြောင့်ပဲ မဟုတ်ပါဘူး ၊ သူဟာ တစ်ကယ့်ကို ကောင်းတဲ့ လူသား တစ်ဦးလည်း ဖြစ်တဲ့ အတွက် သူ့ကို ပိုင်ဆိုင်ထားရတာ ကောင်းမွန်လှ ပါတယ် ” လို့ ဒီလစ် က ချီးကျူး စကားတွေ ဆိုခဲ့လိုက် ပါတယ် ။

လက်ရှိ အချိန်မှာတော့ လိုင်ယွန် အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် မန်ဖစ် ဒီပေးဟာ သိပ် မကြာမီမှာ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူလို ရနိုင်မယ့် ကစားသမား တစ်ဦး ဖြစ်သွားဖို့ ရှိနေပြီး ဥရောပ ထိပ်သီး ကလပ်တွေက သူ့ကို စောင့်ကြည့်နေကြ ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular