spot_img

မန်စီးတီးမှ ကစားသမားဟောင်း စတာလင်ကို ပြန်လည်ခေါ်ယူရန် လီဗာပူးလ်အသင်းတာဝန်ရှိသူများ ဆွေးနွေးနေ

လီဗာပူးလ်အသင်းတာဝန်ရှိသူ များသည် ပရီးမီးယားလိဂ်ချန်ပီယံမန် စီးတီးအသင်းမှ ၎င်းင်းတို့၏ ကစားသမား ဟောင်းဖြစ်သူ စတာလင်ကို ပြန်လည် ခေါ်ယူရန် ဆွေးနွေးလျက်ရှိနေကြောင်း ဗြိတိန်မီဒီယာများကဖော်ပြခဲ့ကြ သည်။

Liverpool Echo သတင်းစာ ၏ဖော်ပြချက်အရ စတာလင်သည် မန်စီးတီးအသင်းတွင် အနာဂတ်မ တည်မငြိမ်ဖြစ်နေပြီး ယခုနွေရာသီ၌ အသင်းပြောင်းရန် စဉ်းစားနေကြောင်း သိရှိရသည်။ သို့ဖြစ်ရာ လီဗာပူးလ်အ သင်းတာဝန်ရှိသူများသည် ၎င်းင်းအား ပြန်လည်ခေါ်ယူရန် ပစ်မှတ်ထားနေ ခြင်းဖြစ်ကြောင်း သိရှိရသည်။ ပြီးခဲ့ သည့် ၂၀၂၀-၂၁ ရာသီအတွင်းက အင်တာဗျူးတစ်ခုတွင် စတာလင်က ၎င်းင်းအနေဖြင့် လီဗာပူးလ်အသင်းသို့ ပြန်သွားနိုင်ကြောင်း၊ လီဗာပူးလ်အ သင်းအား ယခုအချိန်အထိ ချစ်မြတ်နိုး ဆဲဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

myan789

”ကျွန်တော် လီဗာပူးလ်ကို ပြန် သွားနိုင်သလားဆိုတဲ့ မေးခွန်းအတွက် အဖြေပေးရမယ်ဆိုရင် ကျွန်တော် ဒီ အသင်းကို အခုအချိန်အထိ ချစ်မြတ် နိုးဆဲပါ။ ဒီအသင်းဟာ ကျွန်တော့်နှ လုံးသားထဲမှာ အမြဲတမ်းရှိနေပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝကို မြေ တောင်မြှောက်ပေးခဲ့တဲ့ အသင်းပါ” ဟု စတာလင်က ပြောဆိုခဲ့ခြင်းဖြစ် သည်။ အသက် (၂၆)နှစ်အ ရွယ်ရှိသူ စတာလင်သည် လီဗာပူးလ်အသင်း၌ လူငယ်ကစားသမားအဖြစ် ကစား ခဲ့ရာမှ ပရော်ဖက်ရှင်နယ်ကစားသ မားဘဝ စတင်ခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ် တွင် မန်စီးတီးအသင်းသို့ ပြောင်း ရွှေ့လာသူဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular