အငြင်းပွားဖွယ်ဖြစ်နေသည့် ယူရို-၂၀၂၀ ပြိုင်ပွဲဝင် ဝတ်စုံနှင့်ပတ်သက်၍ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) နှင့် သဘော တူညီမှုရရှိပြီဖြစ်ကြောင်း ယူကရိန်းဘောလုံး အဖွဲ့ချုပ် (UAF) ဥက္ကဋ္ဌ ပါဗယ်လ်ကိုက ထုတ်ပြန်ခဲ့သည်။
ယူကရိန်းအသင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ဝတ်ဆင်မည့် အကျႌရင်ဘတ်တွင် ယူကရိန်းနိုင်ငံမြေပုံကို အသားတံဆိပ်ဖြင့် ဒီဇိုင်းဖန်တီးရေးဆွဲထားပြီး ယင်းမြေပုံတွင် ရုရှားက သိမ်းပိုက်ထားသည့် ခရိုင်းမီးယား ဒေသ ပါဝင်နေသည်။
ထို့ပြင် အကျႌအတွင်းဘက်၌ “သူရဲကောင်းများအတွက်အောင်ပွဲ” ဟု အဓိပ္ပာယ်ရသည့်စာသားထည့်သွင်းရိုက် နှိပ်ထားသဖြင့် ရုရှားဘောလုံးအဖွဲ့ချုပ်က UEFA ထံ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။ ယင်း စာသားမှာ ယူကရိန်းစစ်တပ်၏ ေြွကးကြော် သံဖြစ်ပြီး ၂၀၁၄ ခုနှစ်က ရုရှားဘက်ယိမ်းသည့် သမ္မတ ယာနူကိုဗစ်ချ်ကို ဖြုတ်ချရာတွင် အသုံးပြုခဲ့သည့် ေြွကးကြော်သံဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ UEFA က ယင်းစာသား နေရာကို ယူကရိန်းမြေပုံဖြင့် ဖုံးအုပ်ရန် ညွှန်ကြားထားသော်လည်း UAF ဥက္ကဋ္ဌ ပါဗယ်လ်ကိုကမူ ပယ်ဖျယ်ခြင်းမပြုဘဲ “ယူကရိန်း အတွက်အောင်ပွဲ၊ သူရဲကောင်းများအတွက် အောင်ပွဲ” ဟု ဖြည့်စွက်ထည့်သွင်းရန် သဘောတူညီမှုရရှိခဲ့ကြောင်း ၎င်း၏ Facebook မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
ယူကရိန်းအသင်းသည် ယူရိုပြိုင်ပွဲ အုပ်စု (C) တွင် နယ်သာလန်၊ သြစတြီးယား၊ မက်ဆီဒိုးနီးယားတို့နှင့် ကျရောက်နေသည်။