spot_img

ပြင်သစ်အသင်းအပေါ် နာမည်ကျော်နည်းပြ မော်ရင်ဟို၏ မှတ်ချက်ပေးမှုအား ဒေးရွှမ့် ပြန်လည်တုံ့ပြန်

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်က သူ၏အသင်းအပေါ် နာမည်ကျော်နည်းပြ မော်ရင်ဟိုက မှတ်ချက်ပေးမှုအတွက် ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်ခဲ့သည်။

ဗြိတိန်သတင်းစာ The Sun နှင့်တွေ့ဆုံ မှုတွင် မော်ရင်ဟိုက ပြင်သစ်အသင်းသည် ယူရိုပြိုင်ပွဲ၌ ဗိုလ်စွဲနိုင်သည့်တစ်သင်းတည်းသောအသင်းဖြစ်ပြီး ယင်းသို့ မစွမ်းဆောင်နိုင်ခဲ့လျှင် မအောင်မြင်သည့်ယူရိုပြိုင်ပွဲ ဖြစ်လာလိမ့်မည်ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။

myan789

မော်ရင်ဟို က “ဘာအားနည်းချက်မှ (ပြင်သစ်အသင်း အပေါ်) ကျွန်တော့်အနေနဲ့ မမြင်မိပါဘူး။ ပြိုင်ပွဲမှာဗိုလ်စွဲဖို့ တစ်သင်းတည်းသောအသင်းလို့ ကျွန်တော် ပြောရမယ်ဆိုရင် ဒါဟာ သူတို့ရဲ့အံ့အားသင့်ဖွယ်ကောင်းတဲ့ ကစား သမားစုဖွဲ့မှုကြောင့် ပြောတာဖြစ်ပါလိမ့်မယ်။ သူတို့ အဲဒီပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲမှာပါ။ ဒီလို ဖြစ်မလာဘူးဆိုရင်တော့ မအောင်မြင်တဲ့ ယူရိုပြိုင်ပွဲပါပဲ” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော် ဒေးရွှမ့်က မော်ရင်ဟိုအနေဖြင့် ပြင်သစ်အသင်းအပေါ် ဖိအားပေးခြင်းသက်သက်သာဖြစ်သည်ဟု ယူဆပြီး ပြန်လည်တုံ့ ပြန်မှုများ ပြုလုပ်ခဲ့သည်။ ပြင်သစ်ရုပ်သံ TF1 ၏ Telefoot ရုပ်သံအစီအစဉ်တွင် ဒေးရွှမ့်က “ဟုတ်ပါတယ်။ ကမ္ဘာ့ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ် ကြောင့် ရေပန်းစားနေတဲ့အသင်းပါ။ ဒါဟာ ဖိအားတစ်ခုမဟုတ်ပါဘူး။ အမှန်တရားတစ်ခုပါ။ ယူရိုပြိုင်ပွဲမှာ ရေပန်းစားနေတဲ့အသင်း တွေကြားထဲ ပြင်သစ်အသင်းရဲ့ဖြစ်တည်မှုကို စကားအချေအတင်ပြောဆိုတာတွေကနေ ကျွန်တော်တို့ ရှောင်ပြေးနေမှာ မဟုတ်ပါ ဘူး”ဟု ပြောကြားခဲ့သည်။

ပြင်သစ်အသင်း သည် ယူရို-၂၀၁၆ ပြိုင်ပွဲတွင် အပြတ်အသတ် ရေပန်းစားခဲ့သော်လည်း ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular