spot_img

၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို စပိန်နှင့် ပေါ်တူဂီနိုင်ငံတွင် ပူးတွဲကျင်းပခွင့်ရရန်ကြိုးပမ်းမည်

၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို စပိန်နှင့် ပေါ်တူဂီနိုင်ငံတွင် ပူးတွဲလက်ခံကျင်းပခွင့်ရရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့်ရရန် ကြိုးပမ်းမည့်အကြောင်းကို သောကြာနေ့က မက်ဒရစ်မြို့ရှိ အက်သလက်တီကိုအသင်း၏ အိမ်ကွင်း၌ စပိန်နှင့် ပေါ်တူဂီအသင်းတို့ ခြေစမ်းပွဲမကစားမီ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ကစားသမားများက “Vamos 2030” ဟု ရေးသားထားသည့် အဖြူရောင်တီရှပ်များကို ဆင်တူဝတ်ဆင်ခဲ့ကြသည်။

myan789

ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့်ရရန် ကြိုးပမ်းမှု သဘောတူစာချုပ်ကို စပိန်ဘုရင် ဖိလစ်ပီ VI နှင့် ပေါ်တူဂီသမ္မတ ဒီဆိုဆာတို့ လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်နိုင်ငံဝန်ကြီးချုပ်များကလည်း “စပိန်နဲ့ ပေါ်တူဂီအစိုးရအနေနဲ့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရဖို့ ကြိုးပမ်းသွားမယ်ဆိုတာ အသိပေးလိုပါတယ်” ဟု ရေးသားထားသည့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရန် ကြိုးပမ်းမည့် နိုင်ငံများအနေဖြင့် တစ်နိုင်ငံတည်း သီးသန့်ကျင်းပရန်ထက် ပူးတွဲကျင်းပခွင့်ရရန် ကြိုးပမ်းလျက်ရှိပြီး မော်ရိုကိုက တူနီးရှား သို့မဟုတ် အယ်လ်ဂျီးရီးယား၊ ဥရုဂွေး+အာဂျင်တီးနား+ပါရာ ဂွေး+ချီလီ၊ ရိုမေးနီးယား+ဂရိ+ဘူလ်ဂေးရီး ယား+ဆားဘီးယားတို့ကလည်း အိမ်ရှင် လျှောက်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ကို ၂၀၂၄ ခုနှစ်တွင် ရွေးချယ်သွားမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular