spot_img

ဆုဖလားများ ထပ်မံရယူရန် ဆာလောင်နေဆဲဖြစ်ကြောင်း ချယ်လ်ဆီးနည်းပြ တူဟယ်လ် ပြောကြား

ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ဆုဖလားများ ထပ်မံရယူရန် ဆာလောင်နေဆဲဖြစ်ကြောင်း အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုပြီးနောက် ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးရယူပေးခဲ့သည့် နည်းပြ သောမတ်စ်တူဟယ်လ်ကို ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ကြောင်း သောကြာနေ့တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။

myan789

ချယ်လ်ဆီးအသင်းသည် ဂျာမန်နည်းပြ တူဟယ်လ် (၄၇ နှစ်) ကို ဇန်နဝါရီလကုန်ပိုင်းတွင် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လ ကုန်အထိ သက်တမ်းရှိသည့် (၁၈) လစာချုပ်သာ ချုပ်ဆိုထားသည်။

တူဟယ်လ်သည် ချယ်လ်ဆီးအသင်းအား ကိုင်တွယ်သည့် (၄)လအတွင်းမှာပင် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးရယူပေးနိုင်ခဲ့သလို FA ဖလား ဗိုလ်လုပွဲနှင့် ပရီးမီးယားလိဂ်တွင် အဆင့် (၄)နေရာ ရပ်တည်နိုင်စေရန် စွမ်းဆောင်ပေးခဲ့သည်။

“စာချုပ်သစ် ချုပ်ဆိုတာထက် ပိုကောင်းတဲ့အခိုက်အတန့်ကို ကျွန်တော် တွေးကြည့်လို့တောင် မရပါဘူး။ ချယ်လ်ဆီးမိသားစုရဲ့ အစိတ်အပိုင်းမှာ ရှိနေခွင့်ရတဲ့အတွက် အရမ်းပျော်သလို ကျေးဇူးလည်းတင်ပါတယ်။ နောက်ထပ်အများကြီး ထပ်ဖြစ်လာမှာတွေ ရှိပါသေးတယ်။ ကျွန် တော်တို့ရဲ့ နောက်ထပ်ခြေလှမ်းတွေကို မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ ရှေ့ဆက်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ နောက်ထပ် ဆုဖလားတွေအတွက် ဆာလောင်မှုတွေရှိနေ တုန်းပါပဲ”ဟု တူဟယ်လ်က စာချုပ်သစ်လက် မှတ်ရေးထိုးပြီးနောက် ပြောကြားသည်။

တူဟယ်လ်သည် ချယ်လ်ဆီးအသင်းအား ပြိုင်ပွဲစုံ ပွဲ (၃၀) ကိုင်တွယ်ရာတွင် (၁၉) ပွဲ အနိုင်ရကာ (၆)ပွဲသရေ၊ (၅)ပွဲရှုံးနိမ့်ထားပြီး (၃၇) ဂိုးသွင်းယူကာ (၁၆) ဂိုးသာ ပြန်လည်ခွင့်ပြုခဲ့ရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular