spot_img

PFA အကောင်းဆုံးဆု(၂)ခုစလုံး၏ ဆန်ခါတင်စာရင်းများတွင် ပါဝင်နေသည့် ဖိုဒန်အား ဆာလာနှင့်နှိုင်းယှဉ်၍ ပရိသတ်များဝေဖန်

ပြီးခဲ့သည့် ၂၀၂၀-၂၁ ဘောလုံးရာသီ PFA အကောင်းဆုံးကစားသမားဆု (PFA Player of The Year) နှင့် PFA အကောင်းဆုံးလူငယ်ကစားသမားဆု (PFA Young Player of The Year) များအတွက် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဆန်ခါတင်စာရင်းထွက်ပေါ်လာခဲ့ရာ ယင်းဆန်ခါတင်စာရင်းနှစ်ခုစလုံးတွင်ပါဝင်နေသူ မန်စီးတီးလူငယ်ကွင်းလယ်လူ ဖိုဒန်အား ရွေးချယ်မှုအတွက် ဝေဖန်မှုများထွက်ပေါ်လာခဲ့ကြောင်း သိရှိရသည်။

အသက် (၂၁)နှစ်အရွယ်ရှိသူ ဖိုဒန်သည် ပြီးခဲ့သည့်ရာသီက မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်ရန် ခြေစွမ်းပြကစားခဲ့သော်လည်း အသင်းအတွက် သူ ပွဲထွက်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်စုစုပေါင်းမှာ (၁၇) ပွဲသာရှိခဲ့ကြောင်း သိရှိရသည်။

myan789

သို့ဖြစ်ရာ အကောင်းဆုံးဆု ဆန်ခါတင်စာရင်းတွင် ပါဝင်လာခြင်းမရှိသည့် လီဗာပူးလ်ဝါရင့်တိုက်စစ်မှူး ဆာလာနှင့် ဖိုဒန်ကို နှိုင်းယှဉ်၍ ပရိသတ်အချို့က ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။

ဆာလာသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီက လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် (၃၇)ပွဲကစားခဲ့ပြီး ယင်းထဲမှ(၃၄)ပွဲကို ပွဲထွက်အဖြစ်ကစားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဆာလာသည် ပြီးခဲ့သည့်ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးသွင်းဘုရင်ဖြစ်ခဲ့သည့် စပါးတိုက်စစ်မှူး ဟာရီကိန်းထက် (၁)ဂိုးသာလျော့နည်းခဲ့ပြီး လိဂ်ဂိုး(၂၂)ဂိုးသွင်းယူပေးခဲ့သည်။

ဖိုဒန်မှာမူ ဆာလာထက် ပရီးမီးယားလိဂ်ပွဲထွက် တစ်ဝက်တိတိလျော့နည်း(၁၇ ပွဲ ကစား)ခဲ့သလို၊ ၎င်း၏ပရီးမီးယားလိဂ်သွင်းဂိုးမှာလည်း (၉)ဂိုးသာရှိခဲ့သည်။

သို့ဖြစ်ရာ အချို့သောပရိသတ်များက လူမှုကွန်ရက်စာမျက်နှာများတွင် ဆာလာကို ဆန်ခါတင်စာရင်း၌ မရွေးချယ်ခြင်းနှင့် ဖိုဒန်အား ရွေးချယ်ခြင်းတို့အတွက် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

ပရိသတ်တစ်ဦးက ”ဖိုဒန်ထက် ဆာလာကိုသာ ရွေးသင့်ပါတယ်” ဟုရေးသားခဲ့သလို၊ နောက်တစ်ဦးကလည်း ”ဖိုဒန်က ဘယ်လိုပါဝင်လာသလဲ” ဟု ရေးသားခဲ့သည်။

အခြားတစ်ဦးကလည်း ”ဒီဘရိုင်းနားက ဒီရာသီ Open Play ကနေသွင်းတာ (၃)ဂိုးသာရှိပါတယ်။ ဖိုဒန်ကလည်း လိဂ်ပွဲ(၁၇)ပွဲပဲ ပွဲထွက်ခဲ့ရတယ်။ ပရီးမီးယားလိဂ်မှာ (၂၂)ဂိုးသွင်းတဲ့ကစားသမားကိုကျော်လွန်ပြီး ဒီကစားသမားတွေကို ဆန်ခါတင် ရွေးချယ်ခဲ့တာကတော့ တကယ့်ကိုရယ်စရာပါပဲ” ဟု ရေးသားခဲ့သည်။

PFA အကောင်းဆုံးဆုအတွက် ဆန်ခါတင်ရွေးချယ်မှုတွင် မန်စီးတီးအသင်းမှ (၄)ဦးအထိ (ဂွန်ဒိုဂန်၊ ဒီဘရိုင်းနား၊ ရူဘင်ဒီယက်စ်၊ ဖိုဒန်) ပါဝင်ခဲ့ပြီး ယင်းအကောင်းဆုံးဆုများ ရွေးချယ်ချီးမြှင့်သည့် အခမ်းအနားကို ဇွန်လ(၄)ရက်နေ့ တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular